Ch-101 : မျက်မြင်သက်သေ။
ရှောင်မင် သည် ဖန်ကျင်း ပြောတာကို သိပ်မတုန့်ပြန်ပဲ ထို့အစား သူက အေးအေးဆေးဆေး ရှင်းပြတယ်။"ပဋိပက္ခ မရှိပါဘူး။ ဒါဟာ နားလည်မှုလွဲမှားမှုတစ်ခုသာဖြစ်ပြီး ဖြေရှင်းပြီးတဲ့နောက်မှာ ကျွန်တော်တို့ အတူရှိခဲ့ကြတယ်"
ရှောင်မင် က မရှင်းပြချင်တာ သိသာသည်။ သူ သူ့မိန်းမရဲ့အတိတ်ကို စဥ်းစားတိုင်း နာကျင်ရတယ်။
ဖန်ကျင်း က ဆက်မစုံစမ်းတော့ပဲ ဒီကိစ္စနဲ့ ပတ်သက်ပြီး ရှောင်မင် ဆီက အဖြေမရမှန်း သိသောကြောင့် တခြားသူတွေကို မေးဖို့ စီစဉ်ထားခဲ့သည်။
"ရဲတွေက မင်းရဲ့အိမ်အကူကို ဆင့်ခေါ်ထားပြီးသား၊ တခြားသံသယရှိသူတွေကို တွေးမိရင် ပြောပြပေးပါ၊ ဒီအမှုကို တတ်နိုင်သမျှ မြန်မြန်ဖြေရှင်းဖို့ အကူအညီဖြစ်စေတယ်"
ရှောင်မင် က ခေါင်းညိတ်၏။ သူ့မှာ ဒီအကြောင်းကို တွေးဖို့ ခွန်အားမရှိပါပေ။
"အရာရှိ၊ ကျွန်တော် အိမ်ပြန်လို့ရမလား" ရှောင်မင်ရဲ့အသံ က ပျော့ညံ့ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေသည်။
"ရတာပေါ့၊ ဒါပေမဲ့ မင်း ရဲတွေနဲ့တချိန်လုံး အဆက်အသွယ်လုပ်ရမယ်" ရှောင်မင်၏ အခြေအနေမကောင်းသေးကြောင်း နဲ့ တခြားသူများနဲ့ပြောဆိုဆက်ဆံဖို့ အစီအစဉ်မရှိသေးတာကို ဖန်ကျင်း ခံစားမိသည်။
ရှောင်မင် စစ်ဆေးမေးမြန်းခန်းမှ ထွက်လာပြီး ကျဲယုရဲ့အကူအညီမယူပဲ လမ်းကိုခက်ခက်ခဲခဲလျှောက်နေရှာသည်။
"သူက အဓိက သံသယရှိသူမဟုတ်ဘူး" ဖန်ကျင်းက ယင်ထောင်ကိုကြည့်ပြီး "သူ ဝမ်းနည်းနေလို့မဟုတ်ပဲ မနေ့ညက ပြစ်မှုကျူးလွန်ဖို့ အချိန်မရှိလို့"
"ဗီလာမှာ စောင့်ကြည့်ကင်မရာတွေ ပျက်နေပေမယ့် ဗီလာမပြန်ခင် စူပါမားကတ်နဲ့ ကုန်တိုက်ကို သူသွားခဲ့တယ်။ ဒါတွေကို စိစစ်လို့ရတယ်။ဒါ့အပြင် ဗီလာ၏အ၀င်ဝက စောင့်ကြည့်ကင်မရာများက ရှောင်မင်ရဲ့ကားကို ဖမ်းယူထားခဲ့တယ်၊အဲအချိန်က တိုက်ဆိုင်တယ်။ အလောင်းကိုကိုင်တွယ်ဖို့ သူ့မှာ အချိန်မလောက်ဘူး"

YOU ARE READING
စာအုပ်ထဲက ဇာတ်ပို့ဇာတ်ကောင်ထဲသို့ကူးပြောင်းလာသော မှုခင်းဆရာဝန်အမျိုးသမီးတစ်ဦး။
RomanceAuthor: Mountain Spring Genre: Romance, Psychological Source:Webnovel Chapter : 412.