Unicodeလီရှူးရိ တရုတ်ပြည်ကို ခုနစ်နာရီလေယာဥ်
ဖြင့်ပြန်ရောက်လာခဲ့၏။ ဒီတစ်ခေါက်တော့
သူတစ်ယောက်ထဲပဲပြန်လာခဲ့တာဖြစ်ပြီး
လက်အောက်ငယ်သားတွေကို အတူပြန်ဖို့
ခွင့်မပြုခဲ့ပါချေ ။ သူတို့တွေကနိုင်ငံခြားသား
တွေနဲ့ သဘောတူညီချက်ရဖို့ရက်သတ္တပတ်
အတော်ကြာအောင် ညှိနှိုင်းခဲ့ရတာဖြစ်လေ၏။
အဲ့တာကြောင့်သူတို့ကို ကမ်းခြေခရီး
တစ်ခုစီစဥ်ပေးပြီးအနားယူခိုင်းလိုက်တာက
ကောင်းတဲ့အကြံပဲဖြစ်သည်။သူတရုတ်ပြည်ကိုပြန်ရောက်တဲ့အခါမှာ
လာကြိုပေးဖို့အတွက်ဘယ်သူ့ကိုမှ
မပြောခဲ့ပေ။ဒါပေမဲ့လေယာဥ်ပေါ်က
ဆင်းလိုက်တာနဲ့တစ်ပြိုင်နက် ကျောမင်ယွမ်နဲ့
အတူ သူ့ကိုရပ်စောင့်နေတဲ့လူတစ်စုကို
တွေ့လိုက်ရပြီး လေဆိပ်လုံခြုံရေးဌာနက
လျိုချောင်ကပါ သူ့တို့ရဲ့ဘေးမှာရပ်နေ
ခဲ့သည်။သူတို့တွေရဲ့ပုံစံမှာVIP တွေကိုကြိုဆို
နေတာနဲ့တောင်အနည်းငယ်ဆင်တူလှ၏။လီရှုးရိ သူ့မျက်ခုံးတွေကိုပင့်ပြီးနောက်
မေးလိုက်သည်။"မင်းကဘာလို့ဒီကိုရောက်နေရတာလဲ?"
ဒီအတောအတွင်း အလုပ်ရဲ့ဖိအားတွေ
ကြောင့် လီရှူးရိကဝိတ်တော်တော်ကျသွား
သည်။သူ့ရဲ့မျက်နှာသွင်ပြင်ကပိုပြီးထင်ရှား
ပြတ်သားလာကာ မျက်ခုံးတွေကြားမှာ
စိတ်မရှည်တဲ့အရိပ်အယောင်တစ်ချို့
ထင်ဟပ်လို့နေလေ၏။ကျောမင်ယွမ် ပါးစပ်ဟတော့မဲ့အချိန်မှာပဲ
သူ့ဘေးမှာရပ်နေတဲ့လျိုချောင်က
ခြေတစ်လှမ်းဦးသွားကာ လီရှူးရိကို
စိတ်ပျက်လက်ပျက်ဖြင့်ပြောလာခဲ့သည်။"ဘိုးဘေးလေးရယ် နောက်နှစ်နည်းနည်း
လောက်ဆိုငါလဲအငြိမ်းစားယူတော့မှာ
ကျေးဇူးပြုပြီး ခက်ခဲအောင်မလုပ်ပါနဲ့လား
ကွာ.."သူတို့ အခုလေးတင်ပဲလေဆိပ်စစ်ဆေးရေး
ငှာနမှာ လူတစ်ယောက်ကိုသွားစစ်ဆေး
ခဲ့ရတာဖြစ်သည်။ ထိုလူရဲ့ခရီးဆောင်အိတ်
ထဲမှာတစ်မီတာရှည်တဲ့အမြှောက်ဆံတစ်ခု
ရှိနေခဲ့တာဖြစ်ပြီး သူ့လူတွေကအချိန်မှီလေးပဲ
အတားအဆီးတွေချကာ ပေါက်ကွဲစေတဲ့
ပစ္စည်းတွေကိုထုတ်လိုက်နိုင်ခဲ့၏။ အဲ့ဒီ့ကိစ္စ
ပြီးလို့ အသက်တောင်ကောင်းကောင်းမရှူနိုင်
သေးခင်မှာ ပိုင်မိသားစုကဖုန်းခေါ်လာခဲ့ပြီး
လီရှူးရိကတစ်ယောက်ထဲ ပြန်လာတာမို့
ဂရုစိုက်ပေးဖို့အတွက် ပြောလာခဲ့
ပြန်သည်။ မကြာခင်မှာပဲ ပိုင်မိသားစုက
အထက်လူတစ်ဦးရဲ့လက်ထောက်က
လူတစ်စုနဲ့အတူရောက်လာတော့၏။

YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
Losowetotal chapter- 113 chapters update schedule- random.