23

851 122 7
                                    


လီရှူးရိ လင်းချန်မြို့ကို အလုပ်ကိစ္စနဲ့
ခရီးထွက်သွားကတည်းက ကျင့်ယန်
သူ့ကိုမဆက်သွယ်ဖြစ်တော့တာဖြစ်၏။
လီရှူးရိ အလုပ်များနေသလိုမျိုး ကျင့်ယန်
လည်းပဲ ဒီရက်ပိုင်းထဲမှာအတော်လေး
အလုပ်များနေခဲ့သည်။

ပိုင်မိသားစုက လက်တလောမှာ နယ်မြေ
တစ်ခုကိုလိုချင်နေ၏။တိုက်ခန်း ဖြိုဖျက်ရမဲ့
ပြဿနာတွေပါရှိနေတာကြောင့် သူတို့
ထိုနယ်မြေက ပြည်တွင်းအဖွဲ့အစည်းနဲ့
နေထိုင်သူပေါင်းများစွာကို ဆက်သွယ်ဖို့
လိုလာသည်။ လူတစ်ယောက်ပြီး
တစ်ယောက် ဝင်လာလိုက် ထွက်သွားလိုက်
နှင့်ဖြစ်နေကြကာ အစည်းအဝေးပွဲ
တွေလည်းတစ်ခုပြီးတစ်ခုကျင်းပနေရ၏။

ဒီကိစ္စကို ဆန့်ကျင့်တဲ့ ဆန္ဒပြသူတစ်ချို့
လည်းရှိနေခဲ့ကာ ထိုကိစ္စကို တခြား
စက်ရုံတွေနဲ့ လုပ်ငန်းတစ်ချို့ကလည်း
အာရုံစိုက်မိလာကြသည်။ ဒါ့ကြောင့်
လုံခြုံရေးကလည်း အရေးကြီးတဲ့
တစ်စိတ်တစ်ပိုင်းဖြစ်လာခဲ့၏။ ကျင့်ယန်
နဲ့သူ့အဖွဲ့မှာအတော်လေးကိုအလုပ်များ
နေခဲ့တာဖြစ်ပြီး သူတို့အိပ်ဖို့အချိန်တောင်
မရှိခဲ့ပေ။

ထိုကိစ္စအားလုံးဖြေရှင်းပြီးသွားတဲ့အခါ
သူတို့အားလုံးအနားရပြီဖြစ်တာကြောင့်
ကျင့်ယန်နဲ့ သူ့ရဲ့သက်တော်စောင့်အဖွဲ့က
ထိုညမှာ အတူစုဝေးကြဖို့စီစဉ်လိုက်
တော့သည်။

သူတို့သွားတာက ဒီတိုင်းလမ်းဘေး
ဈေးတန်းလေးကိုပဲဖြစ်ပြီး အဆင့်
အတန်းမြင့်တဲ့ စားသောက်ဆိုင်မျိုး
မဟုတ်ပါချေ။

ဈေးဆိုင်လေးတွေက သူတို့ရဲ့
ပတ်ပတ်လည်မှာ အပြည့်ဖြစ်နေကာ
ဆိုင်တိုင်းမှာ အနီရောင်အမိုးလေးတွေ
ရှိပြီး ရောင်စုံ စာလုံးကြီးတွေနဲ့ ဈေးဆိုင်
အမည်တွေကိုဖော်ပြထား၏။
''လောင်ဝူရဲ့ အကင်ဆိုင်''..''ယု မိသားစု
ထမင်းကြော် ''နှင့် ''လတ်ဆတ်တဲ့
ပင်လယ်စာတွေရနိုင်ပါသည်'' စတဲ့နာမည်တွေ
ဖြစ်သည်။ တစ်ချို့ဆိုင်တွေကတော့
အနည်းငယ် ညစ်ပတ်နေပေမဲ့ အပေါ်ပိုင်း
ဗလာနဲ့ယောကျ်ားတစ်ချို့က
ထိုဆိုင်တွေထဲမှာထိုင်ကာ သောက်နေ
ကြရင်း အရက်သောက်တဲ့ကစားနည်း
တွေကိုကစားနေကြ၏။ ရံဖန်ရံခါမှာတော့
သူတို့တွေအော်ရယ်ကြကာ ကျိန်ဆဲသံ
တစ်ချို့ထွက်လာမှာဖြစ်သော်လည်း
ထိုအရာကပင် လေထုကိုပိုပြီး
အသက်ဝင်စေတာဖြစ်နေလေသည်။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now