Unicodeသူ့ရဲ့ရောဂါအကြောင်းကိုသိပြီးတဲ့ညမှာပဲ
လီရှူးရိ လေသာဆောင်မှာတစ်ညလုံး
ထိုင်နေခဲ့ကာ သူ့ဘေးမှာရှိတဲ့ပြာခွက်ထဲက
စီးကရက်ဖင်တွေက တောင်ပို့လေးတစ်ခု
လိုမျိုးတောင်ဖြစ်နေခဲ့လေသည်။တကယ်တော့သူဟာ စီးကရက်သောက်
ရတာ ကြိုက်တဲ့လူတစ်ယောက် မဟုတ်
ပါချေ။ သူဖိအားအရမ်းများနေပြီး စိတ်အခြေ
အနေမတည်ငြိမ်တဲ့အခါမှသာ စီးကရက်ကို
မီးညှိပြီးနှစ်ရှိုက်လောက် ရူသွင်းလိုက်မည်
ဖြစ်ကာ စီးကရက်ကဖြည်းဖြည်းချင်း
လောင်ကျွမ်းသွားတာကိုကြည့်နေမှာ
ဖြစ်၏။ ဒီလိုဆိုရင်သူ့ရဲ့အတွေးတွေက
တဖြည်းဖြည်းချင်း တည်ငြိမ်သွားပေလိမ့်
မည်။ဒါပေမဲ့ဒီတစ်ကြိမ်မှာတော့စီးကရက်တွေ
လောင်ကျွမ်းနေတာကိုထိုင်ကြည့်ရသည်က
အလုပ်မဖြစ်တော့ပါချေ။လီရှူးရိမှာ အလွန်အမင်းပင်ပန်းနေခဲ့၏။
ဝါသနာလို့ခေါ်တဲ့အရာတွေ...၊ကားမောင်းတာ၊ မျှော်လင့်ချက်နဲ့လိုအင်ဆန္ဒတွေက လီရှူးရိ
အတွက်တော့ လက်ချောင်းတွေကြားက
သဲပွင့်တွေနဲ့တောင်တူလှသည်။ သူ
ဘယ်လောက်ပဲ သူ့လက်တွေနဲ့ဖမ်းဆုပ်နေ
ပါစေ ထိုအရာတွေကို ဘယ်တော့မှ မဆုပ်ကိုင်
နိုင်ခဲ့ပါချေ။ အခုတော့ သူ့မှာဖမ်းဆုပ်ဖို့
အတွက်အားအင် တွေတောင်ကုန်ဆုံးသွားပြီ
ဖြစ်လေ၏။အရုဏ်တက်ချိန်ဖြစ်တာကြောင့်
ပတ်ဝန်းကျင်ကတဖြည်းဖြည်းနှင့်အသက်ဝင်
လာလေသည်။လီရှူးရိလက်ရန်းပေါ်ကိုမှီထားလိုက်ရင်း
ဥယျာဥ်ထဲမှာ သွားလိုက်လာလိုက်နဲ့
အလုပ်ရှုပ်နေကြတဲ့ဆရာဝန်တွေ၊သူနာပြုတွေ
နဲ့ လူနာတွေကိုကြည့်နေလိုက်၏။သူ
'ရှင်သန်ခြင်း' ဆိုတဲ့အရာကိုဒီလူတွေဆီကနေ
နည်းနည်းလောက်ဖြစ်ဖြစ်များခံစားမိနိုင်
မလားလို့ကြိုးစားခဲ့သည်။ ဒါပေမဲ့အချိန်
အကြာကြီးကြည့်နေခဲ့တာတောင်မှ သူ့ရဲ့
နှလုံးသားကငြိမ်သက်နေဆဲပင်...။"လီရှူးရိ..."
သူ့ရဲ့နောက်ကနေ ခပ်ဩဩခေါ်သံတစ်ခု
ထွက်ပေါ်လာ၏။
![](https://img.wattpad.com/cover/368191250-288-k259898.jpg)
YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
Randomtotal chapter- 113 chapters update schedule- random.