Unicode
ပိုင်ကျင့် နင်ယွဲ့ကို ဥယျာဥ်ရဲ့ဘေးမှာရှိတဲ့
အကောင်းဆုံးအခန်းဆီကိုပွေ့လာကာ
ကုတင်ပေါ်တင်ပေးလိုက်သည်။သူထွက်သွားတော့မဲ့အချိန်မှာပဲ နင်ယွဲ့က
နိုးလာခဲ့၏။သူ့မျက်လုံးတွေကိုဖွင့်လိုက်တာနဲ့
ပိုင်ကျင့်ကိုတွေ့ရတော့ သူပြုံးမိသွားသည်။
နုနယ်သောအသားအရည်က နေရောင်
ထိတာနဲ့ကွဲကြေသွားနိုင်သည့်နှယ်။
သူကတိုးတိုးလေးပြော၏။"ကျွန်တော် ရေသောက်ချင်တယ်"
ပိုင်ကျင့်ကသူ့ရဲ့မျက်နှာကို အချိန်အတော်ကြာ
စိုက်ကြည့်နေခဲ့ပြီးမှ အကြည့်ကိုရုတ်သိမ်း
လိုက်သည်။ ထို့နောက် သူကိုယ်တိုင်
ထကာပင် ရေနွေးနွေးတစ်ခွက်ကို သွားယူ
တော့၏။ နင်ယွဲ့သောက်ပြီးတာကိုတော့တော့
သူဖန်ခွက်ကိုပြန်ယူလိုက်ကာ စားပွဲပေါ်
တင်ရင်း မေးလိုက်သည်။"မနက်စာစားတော့မလား?"
နင်ယွဲ့ကခေါင်းအသာညိမ့်လေ၏။ ပိုင်ကျင့်
လူတစ်ယောက်ကိုခေါ်ကာ စားစရာတွေ
ပြင်ခိုင်းလိုက်သည်။ သူနင်ယွဲ့ကိုတစ်ခွန်းမှ
မမေးဘဲနှင့် မုန့်ပေါင်းများစွာရဲ့နာမည်ကို
ပြောရင်း လူတစ်ချို့ကို အမိန့်ပေးလိုက်၏။"နွားနို့ထဲမှာ သကြားပါထည့်ခဲ့"
သူ့စကားတွေကိုနားထောင်ရင်း နင်ယွဲ့ရဲ့
နှုတ်ခမ်းစွန်းတွေ ကွေးညွတ်သွားရသည်။
သူ့မျက်လုံးထဲမှာအပြုံးရိပ်တွေ
သန်းနေခဲ့၏။ သူကငယ်ငယ်ထဲကပင်
အချိုကြိုက်တတ်သူဖြစ်သည်။ ပြီးတော့
ပိုင်ကျင့်မှာလိုက်သမျှ စားစရာတွေ
အကုန်လုံးက သူအကြိုက်ဆုံးစားစရာ
တွေပင်ဖြစ်ပါ၏။ ဒီလောက်နှစ်တွေ
အများကြီးကြာသွားတာတောင် ပိုင်ကျင့်က
မှတ်မိနေလိမ့်မယ်လို့ သူမမျှော်လင့်ခဲ့။လူတွေထွက်သွားတော့မှ ပိုင်ကျင့်
သူ့လက်ကိုဆန့်ထုတ်ကာ နင်ယွဲ့ရဲ့
နှဖူးပေါ်ကအပူချိန်ကိုတိုင်းလိုက်သည်။
အပူချိန်ကျသွားတာကိုခံစားမိပြီးတော့မှ
သူ့မျက်နှာအခြေအနေက ပိုပြီးကောင်းလာ
ခဲ့၏။နင်ယွဲ့ ပိုင်ကျင့်ရဲ့လှုပ်ရှားမှုတွေကို
နာခံစွာပင် ခွင့်ပြုထားလိုက်သည်။ပိုင်ကျင့်
ခေါင်းငုံ့ကြည့်လိုက်တဲ့အခါ သူ့ရှေ့က
လူရဲ့မျက်နှာပေါ်မှာယုံကြည်မှုနှင့်
အားကိုးမှုတွေကိုမြင်လိုက်ရ၏။ သူ
မတတ်နိုင်လိုက်ဘဲ နှလုံးသားက
အနည်းငယ်လှုပ်ရှားသွားရသည်။
YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
Randomtotal chapter- 113 chapters update schedule- random.