Unicodeအခန်းရဲ့ ဖွဲ့စည်းပုံကတကယ့်ကိုဗြောင်ကျကာ
ပွင့်လင်းလွန်းလှသည်။ ရေချိုးခန်းက
အိမ်သာနဲ့တစ်ဆက်ထဲမဟုတ်ဘဲ ကုတင်နဲ့
ဘေးချင်းကပ်ရပ်မှာဖြစ်နေ၏။ တစ်ချက်
လှမ်းကြည့်လိုက်ရုံနဲ့တင် ကာထားတဲ့မှန်သား
ပြင်ကနေတစ်ဆင့် အထဲကမြင်ကွင်းကို
မြင်နိုင်လေသည်။ဒီလူက ပိုင်ကျင့်ရဲ့စကားကိုကြားပြီးတာ
တောင်မှပဲရှက်သွားတာမျိုးမရှိ...။သူက
အဝတ်အစားတွေကိုချွတ်ပြီးတော့ ရေချိုးခန်း
ထဲကိုလျှောက်သွားလေတော့၏။ သူ့ဆီမှာ
မျက်နှာလှလှလေးရှိရုံတင်မဟုတ်ပဲ ခန္ဓာကိုယ်
အချိုးအစားကပါ သွယ်လျလေကာ
ရှည်လျားတဲ့ခြေတံတွေနဲ့ အသားအရည်
ကလည်းဖြူဖွေးလေသည်။မကြာခင်မှာပဲ ရေစီးကျသံနဲ့အတူရီဝေဝေ
နှင်းဆီနံ့တို့ ထွက်ပေါ်လာခဲ့၏။ မှန်ဖျော့ဖျော့
အလင်းရောင်ထဲမှာ အထဲကလူရဲ့လက်တွေက
သူ့ရဲ့ခန္ဓာကိုယ်အား ပွတ်သပ်နေတာကို
မြင်နိုင်လေသည်။ပိုင်ကျင့်ကဆိုဖာခုံပေါ်မှာထိုင်နေပေမဲ့
သူ့ရဲ့အကြည့်တွေကတော့ ရှေ့ကစွဲမက်ဖွယ်ရာ
မြင်ကွင်းအစား တံခါးဝမှာသာကျရောက်လို့
နေ၏။လွန်ခဲ့တဲ့သုံးနှစ်....။လီရှူးရိနဲ့သူ့ရဲ့ဆက်ဆံရေး
ကိုအတည်ပြုပြီးတဲ့နောက်မှာ လီရှူးရိက
သူ့အား တခြားလူတွေကိုမပတ်သတ်ပါရန်
တောင်းဆိုခဲ့လေသည်။မစ္စတာပိုင် ဆုံးပါးသွားကတည်းက ပထမဆုံး
အနေနဲ့ပိုင်ကျင့်မှာသူ့ကိုယ်သူကန့်သတ်ခံ
လိုက်ရတယ်လို့ ခံစားခဲ့ရ၏။ မဟုတ်လည်း
သူ့မှာ အပြင်ထွက်ပြီးပွေရှုပ်နေဖို့ ရည်ရွယ်
ချက်မရှိခဲ့ပေ...။ဒါပေမဲ့သူကအခု အမြင့်က
လူတစ်ယောက်ပဲလေ?ဘယ်သူကများသူ့ကို
ဒီလိုမျိုးလာပြောရဲမှာလဲ?ဘာလို့များ သူလုပ်
ချင်တာကိုလုပ်လို့မရ ရမှာလဲ? ။ လီရှူးရိက
သူ့ကိုအဲ့ဒီ့လိုမျိုးပြောခဲ့တာကို တွေးမိရင်
အခုအချိန်ထိ ကသိကအောက်ဖြစ်ရဆဲပင်။ဒါပေမဲ့ ဘယ်လိုပဲမကျေနပ်ချက်တွေ
ရှိခဲ့ပါစေ...ဒီသုံးနှစ်အတွင်းမှာပိုင်ကျင့်
ဘယ်သူ့ကိုမှမပတ်သတ်ခဲ့ပါချေ။
YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
Randomtotal chapter- 113 chapters update schedule- random.