Unicode
လှေကားမှဆင်းပြီး ပိုင်ကျင့်ရဲ့ကားထဲ
ရောက်သွားသည်အထိ လီရှူးရိရဲ့အမူအရာက
မပြောင်းလဲခဲ့ပေ။ ပိုင်ကျင့် ကတော့
လီရှူးရိဒေါသထွက်ရတာက ကျင့်ယန်
ကြောင့်မှန်းသိလိုက်ရတော့ ကူကယ်ရာမဲ့
သွားရကာ ပျော်ဖို့ကောင်းတယ်လို့
ခံစားလိုက်ရသည်။ကျင့်ယန်ငယ်ငယ်တုန်းကဆိုလျှင် တစ်နေ့လုံး
လီရှူးရိအနိုင်ကျင့်တာကို ခံရသည်။
အခုတော့သူလည်းကြီးလာကာ
အရင်ကလောက် မတုံးအတော့ပေ။လီရှူးရိက သူ့ကိုမေးလာ၏။
"မင်းအိမ်ဟောင်းကိုပြန်သွားခဲ့တာလား?"
ပိုင်ကျင့်က နှုတ်ခမ်းပိတ်ရင်း ညည်းတွား
လိုက်ကာ အနည်းငယ် ကူကယ်ရာမဲ့နေပုံဖြင့်" ကိုယ်လူအိုကြီးဆီကနေထပ်ပြီး အဆူခံ
လာရတယ်လေ"လီရှူးရိရဲ့နှုတ်ခမ်းထောင့်မှာ သရော်ပြုံးလေး
တစ်ခုပေါ်လာသည်။ပိုင်မိသားစုက ကြီးမားတဲ့မိသားစုတစ်ခု
ဖြစ်ကာ ပိုင်ကျင့်ရဲ့အဖိုးဖြစ်သူ
ပိုင်ဝိန်ထန်က ပိုင်မိသားစုထဲ ထူးချွန်တဲ့
လူတစ်ယောက်ဖြစ်၏။သူက ကျင်းဟယ်မြို့
အစိုးရဘက်က အာဏာပိုင်တစ်ချို့ကို
သူ့ဘက်ဆွဲခေါ်နိုင်ခဲ့ကာ ပြန်လည်ဖွံ့ဖြိုးရေး
နဲ့ပတ်သတ်တဲ့ အတွင်းသတင်း
တစ်ချို့ကိုလည်းရခဲ့သည်။သူက အဲ့ဒီ့အချိန်မှာ လူအနည်းငယ်သာ
လုပ်ကိုင်ကြတဲ့ အိမ်ရာ လုပ်ငန်းကို
စတင်ခဲ့ပြီးအခုလို ကုမ္ပဏီကြီးဖြစ်လာသည်
အထိပျိုးထောင်ခဲ့သည်။အဲ့ဒီ့လိုလူမျိုးက ဘယ်လိုဖြစ်ပြီးပိုင်ကျိန့်ယွမ်
လို သားမျိုးကိုမွေးခဲ့မိသလဲမသိပေ။
မိန်းမလိုက်စားတာကလွဲရင် သူ့မှာစီးပွားရေး
နဲ့ပတ်သတ်တဲ့အတွေးအမြင်တစ်ခုမှမရှိ။အခုသူအသက်ကြီးလာတာတောင်
ပိုင်ကျင့်နှင့်ပြိုင်ပြီး အာဏာလုကာ
မိသားစုကို သူ့ရဲ့အသုံးမကျတဲ့သားရဲ့
လက်ထဲထည့်ချင်နေ၏။လီရှူးရိက ပိုင်ကျင့်ကိုကြည့်ရင်း ပြောလာ
ခဲ့သည်။"အကယ်၍ မင်းသည်းခံနိုင်တယ်ဆိုရင်
မင်းသဘောပါပဲ ၊မလုပ်ချင်ဘူးဆိုရင်တော့
ငါ့လက်ထဲသာအပ်ထားလိုက်"

YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
عشوائيtotal chapter- 113 chapters update schedule- random.