Unicode
လီရှူးရိ ဝေ့ကျီရဲ့ဆေးရုံကိုရောက်တော့
သူ့လက်ကသွေးတွေကပတ်တီးစထဲ
စိမ့်ဝင်နေကာ ပတ်တီးစတစ်ခုလုံး
သွေးများဖြင့်ရွှဲရွှဲစိုနေတော့၏။ဝေ့ကျီက သူ့ဒဏ်ရာကို ပတ်တီးပြန်စည်း
ပေးနေရင်း အမြဲသိမ်မွေ့နေတဲ့မျက်နှာမှာ
အေးစက်လို့နေသည်။"မင်းအသက်မရှင်ချင်တော့ဘူးဆိုလည်း
ဒီအတိုင်းပဲနေလိုက်ပါလား! ငါအချိန်ကို
လာဖြုန်းနေသေးတယ်"ဝေ့ကျီက သူ့အတွက်စိုးရိမ်လို့ပြောတာမှန်း
လီရှူးရိ သိနေတာကြောင့် သူဘာမှ
ပြန်မပြောဘဲ ပြုံး၍သာနေလိုက်၏။ဝေ့ကျီက သူအလေးအနက်မထားတာကို
မြင်တော့ မျက်နှာထားကိုတည်ကာ
ဆက်ပြီးအပြစ်တင်ဆုံးမတော့သည်။
လီရှူးရိ ဒီလူရဲ့နားပူနားဆာလုပ်ခြင်းကို
သည်းမခံနိုင်တော့တာကြောင့်
ကြားဖြတ်ကာပြောလိုက်သည်။"ဖုယင်းရော ဘယ်မှာလဲ?"
အသေအချာကိုပဲ သူ့ရဲ့အချစ်လေး
အကြောင်းပြောလိုက်တာနဲ့ အေးစက်တဲ့
မျက်နှာနှင့် မစ္စတာဝေ့မှာ နွေဦးလေပြေ
လိုပင်နွေးထွေးလာတော့၏။"သူမက ခဏနေရင်ရောက်လာတော့မှာ။
ဒီနေ့ကိုယ်ဝန်အတွက် စစ်ဆေးမှုတွေ
လုပ်ဖို့ရှိတယ်လေ"ဖုယင်းလာနေပြီဆိုတာသိလိုက်ရတော့
လီရှူးရိရဲ့အမူအရာကပြောင်းလဲသွား၏။
အကယ်၍ ဖုယင်းသာ သူဒဏ်ရာရနေတယ်
ဆိုတာသိသွားခဲ့ရင် သူမရဲ့တုံ့ပြန်မှုက
ဝေ့ကျီထက်တောင် ပိုဆိုးလိမ့်မည်။
ထပ်ပြောရရင် သူတို့ရဲ့အမျိုးသမီးကြီးက
ကိုယ်ဝန်ရှိနေတယ်လေ။ သူမကို စိတ်ခံစား
ချက်တွေများအောင်လုပ်တာက
မကောင်းတာကြောင့် လီရှူးရိချက်ချင်းပင်
တိုက်တွန်းလိုက်၏။"မြန်မြန်လုပ်"
ရလဒ်ကတော့ သူ့စကားဆုံးတာနဲ့
တံခါးခေါက်သံနှစ်ကြိမ်ထွက်ပေါ်လာပြီး
အလွန်ချိုသာသောအသံဖြင့်"ဒေါက်တာဝေ့ရေ...ရှင့်ရဲ့ကလေးလေးက
သူ့ဒယ်ဒီကိုလွမ်းနေပြီတဲ့။ အဲ့တာကြောင့်
လာတွေ့တာ"ထို့နောက်တံခါးပွင့်လာပြီး သေးသွယ်တဲ့
ပုံရိပ်လေးတစ်ခုက ဝေ့ကျီအနားကို
အပြေးရောက်လာတော့သည်။
ဝေ့ကျီမှာလန့်လွန်း၍ သူ့မျက်နှာပင်
ဖျော့တော့သွား၏။ သူ့လက်ထဲက
ပတ်တီးကို အဝေးလွှင့်ပစ်လိုက်ပြီး
မတ်တပ်ရပ်ကာလက်မောင်းတွေကို
ဖွင့်ဟထားရင်း ဖုယင်းကိုခပ်တင်းတင်း
ပြန်ဖက်လိုက်သည်။

YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
Diversostotal chapter- 113 chapters update schedule- random.