Unicodeဒီအကြောင်းကိုပြောပြီးတဲ့အခါမှာ ချောင်ယု
က ပိုပြီးတော့တောင်တုန်လှုပ်လာတော့၏။
စကားလ်ကသူ့ရဲ့လက်ကိုချောင်ယုရဲ့
ပခုံးပေါ်တင်ရင်းခေါ်လိုက်သည်။"ချောင်ယု"
အဲ့ဒီ့နောက်မှပဲ ချောင်ယုက စိတ်ငြိမ်နိုင်
သွားပြီး လီရှူးရိကိုဖြစ်ခဲ့သမျှအားလုံး
ပြောပြတော့၏။စုန့်မိသားစုအတွက်အခုရက်ထဲမှာ ကိစ္စကြီး
တစ်ခုဖြစ်သွားခဲ့သည်။ စုန့်ဖုဟွာသေသွား၏။ကြားရတဲ့သတင်းတွေကတော့ စုန့်ရှောင်းရှောင်း
က စုန့်စစ်လော့ကိုဖမ်းထားတာကြောင့်
စုန့်ဖုဟွာက နှလုံးသွေးကြောပိတ်ဆို့သွား
ရပြီး အရေးပေါ်ခန်းကိုပို့ပေမဲ့ မကယ်နိုင်လိုက်
ဘဲ သေဆုံးသွားခဲ့ရသည်ဟူ၍။ပြီးတော့....စုန့်စစ်လော့ကိုပြန်ပေးဆွဲတဲ့သူက
ကျင့်ယန်ပင်။ချောင်ယုရှာတွေ့တဲ့အချက်အလက်တွေအရ
ကျင့်ယန်က စုန့်စစ်လော့ကိုပြန်ပေးဆွဲ
သွားပြီး ဗီလာရဲ့အဝေးကိုမောင်းထွက်
သွားခဲ့သည်။ စုန့်မိသားစုကစုန့်စစ်လော့မှာ
အသက်အန္တရာယ်ရှိနေ ပြီလို့ထင်ခဲ့ကြပေမဲ့
အဲ့ဒီ့နေ့လယ်တုန်းက စုန့်စစ်လော့ကို
မြို့ဆင်ခြေဖုံးနားမှာပြန်တွေ့ခဲ့ကြသည်။သူက
ဘာထိခိုက်ဒဏ်ရာမှမရှိဘဲ သတိလစ်နေရုံ
သာဖြစ်လေ၏။ကျင့်ယန်ကတော့ပျောက်လို့နေသည်။
အခုကျင့်ယန်ကိုရှာနေကြတာက စုန့်မိသားစု
တစ်ခုထဲမဟုတ်ဘဲ ခုန်ရိပါ ပါဝင်လာ၏။
သူ့မိသားစုက အများပြည်သူလုံခြုံရေး
ပိုင်းမှာအာဏာရှိတာကြောင့် အခုကျင့်ယန်က
ရှုပ်ထွေးတဲ့အခြေအနေတွေထဲကိုရောက်နေ
ပြီဖြစ်သည်။ ဖမ်းဝရမ်းကိုမြင်ရတော့မှပဲ
ချောင်ယုမှာ ဒီကိစ္စက ပြင်းထန်လာပြီမှန်း
သိလိုက်ရတာဖြစ်၏။ချောင်ယုရဲ့စကားလုံးတွေကိုနားထောင်
နေတဲ့လီရှူးရိရဲ့မျက်နှာမှာ အစိမ်းရောင်
ပြောင်းလုနီးနီးပင်ဖြစ်နေခဲ့ပြီး သူ့အသံမှာ
ဒေါသတို့ဖြင့်ပြည့်နှက်လို့နေသည်။"ဒီလောက် ကိစ္စကြီးရှိတာ...၊ဘာလို့အခုမှ
ငါ့ဆီလာရတာလဲ?"ချောင်ယုကဘာမှမပြောပေမဲ့ စကားလ်က
ပြောပြလာ၏။
YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
Randomtotal chapter- 113 chapters update schedule- random.