Unicodeလီရှူးရိ အိမ်မက်ဆိုးတစ်ခုကိုမက်ခဲ့သည်။
အိမ်မက်ထဲမှာ ပိုင်ကျင့်နဲ့သူ ရန်ဖြစ်ခဲ့ကြပြီး
တဲ့နောက် သူသေနတ်အပစ်ခံရတဲ့အချိန်ကို
ပြန်ရောက်သွားခဲ့၏။ဒါပေမဲ့ ဒီတစ်ခေါက်မှာတော့ ဒဏ်ရာ
ရပြီးတာနဲ့သတိလစ်သွားတာမျိုးမဖြစ်ခဲ့
ပါချေ။ ပိုင်ကျင့်ကသူ့ဆီကို တစ်လှမ်းချင်း
လျှောက်လာရင်း အေးစက်တဲ့မျက်လုံးတွေ
နဲ့ငုံ့ကြည့်လာတာကို လီရှူးရိမြင်နေခဲ့ရ၏။သူတဖြည်းဖြည်းနဲ့ သွေးထွက်ရင်း သေဆုံး
သွားတာကို ရပ်ကြည့်နေခဲ့ခြင်း....။လီရှူးရိ မျက်လုံးတွေကိုဖွင့်လိုက်တဲ့အခါ
သူ့တစ်ကိုယ်လုံးက ပိုင်ကျင့်ရဲ့လက်မောင်း
တွေကြားထဲကို ရောက်နေတယ်ဆိုတာ
သိသွားရသည်။ သူ့ရဲ့အရိုးတွေတောင်မှ
ကိုက်ခဲနေခဲ့၏။လီရှူးရိ ရုန်းကန်လိုက်ပေမဲ့ လွတ်မြောက်
အောင်တော့မလုပ်နိုင်ခဲ့ပါချေ။ ဒါကြောင့်
သူ့မှာ အက်ကွဲနေတဲ့အသံနဲ့သာ ပြောဖို့
တတ်နိုင်ခဲ့လေသည်။"ငါ့ကိုမကိုင်ထားနဲ့၊ မင်းကိုင်ထားတာ
ငါ့တစ်ကိုယ်လုံးနာတယ်"ပိုင်ကျင့်က တောင့်တင်းသွားပေမဲ့ ဘာမှ
တော့ မပြောခဲ့ပါချေ။သူက မတ်တပ်ရပ်
လိုက်ပြီး လီရှူးရိကို ကုတင်ပေါ်မှာ
နေရာပြန်ချထားပေးခဲ့၏။စောင်နဲ့ဖုံးအုပ်ခံထားရတဲ့သူ့ကိုယ်သူ
မြင်ရတော့မှပဲ လီရှူးရိမှာ နောက်ဆုံးတော့
အသိပြန်ဝင်လာခဲ့ရသည်။ ဒီပိုင်ကျင့်က
သူသေတာကို ဒီတိုင်းရပ်ကြည့်နေခဲ့တဲ့
ပိုင်ကျင့်မဟုတ်ဘဲ အပြင်က ပိုင်ကျင့်ပင်။တကယ်တမ်းကျ နှစ်ယောက်ကြားမှာ
ဘာမှကွာခြားသွားတာမရှိဘူးဆိုပေမဲ့ပေါ့။လီရှူးရိက ကုတင်ပေါ်ကို မှီချလိုက်သည်။
သူ့ရဲ့မျက်နှာက နည်းနည်းလေးမှတောင်
ထိတ်လန့်သွားတဲ့ပုံမပေါ်နေခဲ့ပေ။
ဒီအတွက်သူ အချိန်အကြာကြီးကတည်းက
ပြင်ဆင်ခဲ့ပြီးပြီဖြစ်၏။ ပိုင်ကျင့်ကသူ့ကို
ရှာချင်တယ်ဆိုကတည်းက ဒီလိုနေ့မျိုး
ရောက်လာဖို့အတွက် အနှေးနဲ့အမြန်
ဖြစ်လာလိမ့်မည်။ ရိထျန်က အဲ့တာကို
ပိတ်ဆို့ဖို့အတွက် အချိန်အကြာကြီး
ကူညီပေးခဲ့တာကတင် သူ့အတွက်
ကံကောင်းမှုလို့ပြောနိုင်၏။
![](https://img.wattpad.com/cover/368191250-288-k259898.jpg)
YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
Randomtotal chapter- 113 chapters update schedule- random.