Unicode
ပိုင်ကျင့်နဲ့ဖုန်းပြောပြီးတဲ့နောက်မှာ လီရှူးရိက
ဝေ့ကျီနဲ့အတူ ဆိုဖာပေါ်မှာမလှုပ်မယှက်နှင့်
ထိုင်နေတော့၏။လီရှူးရိရဲ့အသိစိတ်လွတ်နေပုံကိုကြည့်ရင်း
ဝေ့ကျီမှာ မကောင်းသလိုခံစားလာရကာ"ငါကမင်းကို မစိုးရိမ်စေချင်ရုံပါ...
မင်းရဲ့အခုအခြေအနေနဲ့ အဖျားကြီးတယ်
ဆိုတာက ဘယ်လောက်တောင်အန္တရာယ်
များလဲဆိုတာကို မင်းလည်းသိနေတာပဲလေ"ဝေ့ကျီ လီရှူးရိကိုစသိကတည်းက သူ
အနားယူတယ်ဆိုတာကိုတစ်ခါမှမမြင်ဖူး
ခဲ့ပါချေ။အရင်တုန်းကဆိုသူက ဖျားနေရင်တောင်
ဟိုပရောဂျက်...ဒီပရောဂျက်နဲ့၊ အလုပ်
အကြောင်းကိုအမြဲစဥ်းစားနေလိမ့်မှာ
ဖြစ်ပြီး သူထိန်းသိမ်းဖို့လိုတဲ့အဆက်အသွယ်
တွေကြောင့် ညစာစားပွဲတွေဆိုလည်း
တစ်ခါမှတောင် မငြင်းဆိုဖူးခဲ့ပေ။ဝေ့ကျီမှာသူ့ကိုကြည့်နေရင်းနဲ့တောင်
ပင်ပန်းသလိုခံစားရလေသည်။ဒါပေမဲ့
ဒါကိုက လီရှူးရိရဲ့နေထိုင်မှုပုံစံဖြစ်နေတာ
ကြောင့်သူဘာမှသိပ်မပြောခဲ့တာဖြစ်၏။ဒီတစ်ကြိမ်ကတော့မတူပါချေ။ ဒါက
အအေးမိရုံလောက်...လက်မှာခြစ်မိရုံ
လောက်လေးပဲမဟုတ်တော့တာကြောင့်
ဦးနှောက်အကြိတ်ကပိုပြီးကြီးလာတာနဲ့အမျှ
ပြန်မကောင်းလာတာမျိုးတောင်ဖြစ်သွား
နိုင်သည်။ဒီလိုအချိန်မျိုးမှာဝေ့ကျီ သူ့ကိုဂရုစိုက်
ပေးဖို့ပဲစဥ်းစားနိုင်ပါ၏။လီရှူးရိက နွမ်းနယ်နေပုံပေါ်ကာ
"ဝေ့ကျီ...ငါ့ကိုခဏလောက် တစ်ယောက်ထဲ
နေခွင့်ပေးပါ..."ဝေ့ကျီက သက်ပြင်းဖွဖွ ချကာမတ်တပ်ရပ်
လိုက်ပြီးပြောလာသည်။"ဒါဆို ခဏနေမှတစ်ယောက်ယောက်ကို
စားစရာလာပို့ဖို့လွှတ်လိုက်မယ်"လီရှူးရိက အသာခေါင်းညိမ့်၏။
ဝေ့ကျီထွက်သွားတာနဲ့လီရှူးရိ ဖုန်းကို
ကောက်ကိုင်လိုက်ပြီး သူနဲ့ရင်းနှီးခဲ့ဖူးတဲ့လူ
တစ်ချို့ကို အခြေအနေအကြောင်းမေးဖို့
အတွက်ခေါ်ဆိုမှုအနည်းငယ်ကိုပြုလုပ်
လိုက်သည်။တစ်ချို့တွေကတော့ လီရှူးရိက
ဘယ်လိုလုပ်ပြီး စုန့်မိသားစုကိစ္စထဲကို
ဝင်ပါသွားသလဲဆိုတာ သိချင်နေကြကာ
စုန့်ရှောင်းရှောင်းနဲ့ကျင့်ယန်တို့နောက်ကွယ်
ကလူက သူလားလို့မေးခွန်းထုတ်ကြ၏။
လီရှူးရိကမရှင်းပြဘဲ ပြုံးပြုံးလေးသာ
ပြန်ပြောခဲ့သည်။
YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
Randomtotal chapter- 113 chapters update schedule- random.