Unicodeနာမည်ကိုကြားလိုက်တဲ့အချိန်မှာ ပိုင်ကျင့်ရဲ့
အမူအရာကပြောင်းလဲသွားခဲ့သည်။သူက
ဆေးခွက်ကိုချလိုက်ပြီး ဖိုင်ကိုကောက်ယူ
လိုက်ကာ စပြီးဖတ်တော့၏။လီရှူးရိရဲ့အဖေကဆုံးသွားပြီဖြစ်သည်။
သူ့ရဲ့ကိုယ်ဝန်ရှိနေတဲ့ အဒေါ်ကလည်း
ဆုံးပါးသွားကာ ကလေးလေးပါ အသက်မရှင်
နိုင်ခဲ့ပေ။ လောလောဆယ်မှာ လီရှူးရိရဲ့
အမေအရင်းဖြစ်တဲ့ကျန်းမန့်ချင်ကလည်း
ပျောက်ဆုံးလို့နေပြီး ချင်ကွမ်းကျစ်က
သူမကိုဘယ်နားမှာဖွက်ထားလဲဆိုတာ
ဘယ်သူမှမသိကြပါချေ...။ဒီကိစ္စအတွက်အခက်ခဲဆုံးအရာက
သက်သေရှိမနေတာပင်။ လီဝိန်းကျွော်
သေတဲ့အထိအရိုက်ခံခဲ့ရတဲ့အဆောက်အအုံ
ထဲမှာနေထိုင်သူတွေမရှိတော့တာကြာပြီ
ဖြစ်၏။အဲ့တာထက်သူ့ရဲ့ပိုင်ဆိုင်မှုတွေ
အားလုံးကလည်းပျောက်ဆုံးသွားခဲ့သည်။
ဒါကြောင့်ပဲ စုံစမ်းစစ်ဆေးမှုတွေအားလုံးက
ခိုးမှုဘက်ကိုပဲရောက်နေကာ ချင်ကွမ်းကျစ်
ဆီကိုဘယ်လိုမှဦးတည်မသွားနိုင်ပါချေ။
လီဝမ်ယင်းအတွက်ကတော့....သူမဘက်က
တခြားလူတွေကိုပြဿနာသွားရှာခဲ့တာ
ဆိုတဲ့အကြောင်းအရာနဲ့ပဲအဆုံးသတ်သွား
သည်။သူမက ရန်ဖြစ်ရင်း ဟန်ချက်ပျက်ပြီး
လှေကားပေါ်ကပြုတ်ကျသွားတယ်လို့သာ
အမှုပိတ်လိုက်ကြ၏။ဆုံးရှုံးသွားတဲ့ဖြစ်တည်မှုသုံးခုဟာ
သွေးတွေနဲ့ဖုံးလွှမ်းနေခဲ့ပေမဲ့ ချင်ကွမ်းကျစ်
ရဲ့မိသားစုကအာဏာကြီးလေကာ လီရှူးရိ
ဆီမှာ သူတို့ကိုတားနိုင်တဲ့အစွမ်းအစ
မရှိခဲ့ပါချေ။ပိုင်ကျင့် မျက်မှောင်ကျုံ့ကာမေးလိုက်မိ၏။
"သူကအဖမ်းခံထားရတယ်လား?"
လက်ထောက်ကပြန်ဖြေလာသည်။
"ဟုတ်ပါတယ် သခင်လေး..."
အဲ့ဒီ့နောက်တော့သူက ခေါင်းခါရင်း
ဆက်ပြောလာခဲ့၏။"အထဲမှာသူတော်တော်လေးဒုက္ခရောက်
နေတယ်လို့ကြားတယ်။စိုးရိမ်ရတာက
သူမထွက်လာနိုင်တော့မှာကိုပဲ"ပိုင်ကျင့်ကအချိန်ခဏနောက်တိတ်ဆိတ်နေ
ခဲ့ပြီးမှပိုင်ဝိန်ထန်ဘက်ကိုလှည့်ကာ

YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
De Todototal chapter- 113 chapters update schedule- random.