37

1.1K 142 14
                                        

Unicode

ဒီတစ်ကြိမ်မှာတော့ လီရှူးရိ ကောင်းကောင်း
မအိပ်နိုင်ဘဲ သုံးနာရီတောင်မပြည့်သေးခင်
မှာနိုးလာခဲ့၏။ သူ့လက်ဖမိုးထဲမှာ အပ်
တစ်ချောင်းရှိနေဆဲဖြစ်ပြီး ဒီနေ့အတွက်
ဆေးကို သွင်းနေဆဲဖြစ်သည်။ အချိန်
အကြာကြီးလှဲနေပြီးတဲ့နောက်မှာ သက်တောင့်
သက်သာမဖြစ်တော့တာကြောင့် လီရှူးရိ
ကျင့်ယန်ကိုခေါ်ကာ ထိုင်ဖို့အတွက် ကူခိုင်းရ
တော့၏။

သူ နေ့လယ်ကလို အားမရှိနေတာမျိုး
မဖြစ်တော့ပေမဲ့ အနည်းငယ်မူးဝေနေဆဲပင်
ဖြစ်သည်။ လီရှူးရိ မပျော်မရွှင်ဖြင့် ရေရွတ်
လိုက်မိ၏။

"ဘာလို့ကောင်းမလာသေးတာလဲကွာ"

ကျင့်ယန်မှာ ကူကယ်ရာမဲ့သွားရကာ

"အန်ကယ်လီ....မနေ့က အန်ကယ်လီ့ရဲ့
အဖျားက လေးဆယ့်တစ်ဒီဂရီတောင်လေ"

ကျန်တာကိုတော့သူက တိုးတိုးလေးသာ
ရေရွတ်လိုက်သည်။

"ဒီထက်များရင် ချက်ပြီးသားဖြစ်သွား
တော့မှာ"

လီရှူးရိက ကန်းနေသူမဟုတ်ပါချေ။ သူ
မျက်လုံးတွေကိုမှေးစင်းရင်း ကျင့်ယန်ကို
ကြည့်လိုက်ကာ

"ငါဖျားနေတာနဲ့ပဲ မင်းကိုမရိုက်နိုင်တော့ဘူး
လို့ထင်နေတာလား?"

ကျင့်ယန်က တခစ်ခစ်ရယ်ကာ ဆန်ပြုတ်ကို
ပန်းကန်လုံးထဲအမြန်လောင်းထည့်ပေး၏။

တစ်ဝက်လောက်စားပြီးတဲ့အချိန်မှာ
လီရှူးရိ ကျင့်ယန်ကိုပြောလိုက်သည်။

"အန်ကယ်ဝူကို နောက်ကျရင် ဘာမှထပ်ပြီး
မပို့တော့ဖို့ပြောလိုက်"

ကျင့်ယန် နားမလည်နိုင်ဖြစ်သွားပေမဲ့
လီရှူးရိရဲ့လေးနက်နေတဲ့မျက်နှာကိုမြင်လိုက်
တဲ့အခါ သူ တိတ်တဆိတ်ပဲခေါင်းညိမ့်
လိုက်တော့၏။

လီရှူးရိအခုမှနေ့လယ်ကဖုန်းအကြောင်းကို
မှတ်မိသွားရကာ ကျင့်ယန်ကိုမေးလိုက်သည်။

"မင်း ပိုင်ဟောက်ကို အဲ့ဒီ့ဓာတ်ပုံပေးပြီး
ပြီလား?"

"ဟုတ်...ပေးပြီးပြီရယ်"

လီရှူးရိက ကျင့်ယန်မှာအပျော်လွန်ပြီး
ပိုင်ဟောက်ကဘယ်လောက်ထိ သဘောကျ
သွားသလဲဆိုတာကို ဖော်ပြလာမဲ့မြင်ကွင်း
အတွက်ပြင်ဆင်ထားခဲ့တာဖြစ်၏။ဒါပေမဲ့
အချိန်အကြာကြီးစောင့်နေတာတောင်
ကျင့်ယန်ကဘာမှမပြောလာပါချေ။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now