41

700 121 14
                                    


Unicode

လီရှူးရိပြန်နိုးလာတဲ့အချိန်မှာ ညတောင်
နက်နေပြီဖြစ်၏။

အခန်းထဲမှာအလွန်တိတ်ဆိတ်လို့နေကာ
လီရှူးရိ ထထိုင်ချင်ပေမဲ့ သူ့လက်ကို
အားထည့်ပြီးထောက်လိုက်တာနဲ့ နာကျင်မှု
တစ်ခုကိုခံစားလိုက်ရသည်။ သူငုံ့ကြည့်လိုက်
တဲ့အခါ လက်ဖမိုးထဲမှာစိုက်ဝင်နေတဲ့အပ်
တစ်ချောင်းကိုတွေ့လိုက်ရတော့၏။

လီရှူးရိရဲ့မျက်နှာပေါ်မှာ ခပ်ယဲ့ယဲ့အပြုံး
တစ်ခုပေါ်လို့လာသည်။

အဲ့ဒီ့အချိန်မှာပဲ သူနာပြုငယ်လေးတစ်ယောက်
က သူ့အခန်းထဲကိုဝင်လာ၏။ သူမက
လီရှူးရိသွင်းနေတဲ့ဆေးဘူး ကိုကြည့်လိုက်
ပြီး ကုန်တော့မှာကိုမြင်တဲ့အခါ လီရှူးရိ
လက်ထဲကအပ်ကို ဖယ်ပေးဖို့အတွက်
ကုတင်ဘေးကိုလျှောက်လာတော့သည်။
သူမက မဖယ်ပေးရသေးခင်မှာပဲ လီရှူးရိရဲ့
အကြည့်ကိုသတိထားမိသွားကာမေးလာ၏။

"မစ္စတာလီ...နိုးနေပြီလား?"

လီရှူးရိခေါင်းညိမ့်လိုက်သည်။

သူနာပြုမလေးက ပြုံးကာ

"ကျွန်မ ရှင့်ကိုအပ်ဖယ်ပေးမယ်နော်...
မလှုပ်ပါနဲ့ဦး"

သူမကပြောနေရင်းနဲ့ခါးကိုကွေးလိုက်၏။
မြန်ဆန်သေသပ်တဲ့လှုပ်ရှားမှုအပြီးမှာ
အပ်ကိုဖယ်လို့ပြီးစီးသွားခဲ့သည်။ အပ်ကို
ထုတ်ပြီးတဲ့အခါ သူမကလီရှူးရိရဲ့လက်ဖမိုး
က အပ်ပေါက်ရာပေါ်ကိုဖိလို့ထား၏။
သွေးတိတ်သွားတာကိုမြင်မှ ထိုသူနာပြုမ
လေးကသူ့ပစ္စည်းတွေကိုသိမ်းပြီး မတ်တပ်
ထရပ်တော့သည်။

"ကျေးဇူးတင်ပါတယ်"

လီရှူးရိ ခပ်တိုးတိုးပြောလိုက်၏။

"ရပါတယ်ရှင်..."

အဲ့ဒီ့နောက် သူနာပြုမလေးကချိုသာစွာ
ပြုံးပြရင်းမေးလာသည်။

"ရှင် ဗိုက်ဆာနေလား? ကျွန်မကန်တင်းကို
စားစရာတစ်ချို့လာပို့ဖို့ပြောပေးရမလား..."

လီရှူးရိ ခေါင်းကာလိုက်ကာ

"ဟင့်အင်း...အခုထိ စားချင်စိတ်မရှိသေး
လို့"

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now