24

784 116 11
                                    


Unicode

ကျင့်ယန်ရဲ့အသက် ဆယ်နှစ်အရွယ်
လောက်မှာသူ့အမေက ထွက်ပြေးသွား
ခဲ့၏။

တကယ်တော့ ကျင့်ယန် သူမထွက်သွား
တော့မှာကိုသိနေခဲ့သည်။အဲ့ဒီ့ညမှာ
သူမက ကျင့်ယန်အတွက်ဟင်းတွေ
အများကြီး ချက်ပြုတ်ပေးခဲ့၏။
သိတဲ့အတိုင်းပဲ...သူ့အိမ်က ထမင်းစားပွဲ
ပေါ်မှာ အသားဆိုတာက တစ်ခါမှ
မရှိဖူးတဲ့အရာလေ။

ထိုအမျိုးသမီးဟာ ဒေါသကြီးလွန်းသူ
ဖြစ်သည်။ သူမက ကျင့်ယန်ကိုဆုံးမတဲ့
အခါတိုင်း သူ့ရဲ့နားရွက်တွေကို
ပြင်းပြင်းထန်ထန် လိမ်ဆွဲလိမ့်မည်ဖြစ်ပြီး
"ခွေးကောင်လေး"နှင့် " အသက်တိုမဲ့ကောင်"
လို့ခေါ်လိမ့်မည်ဖြစ်ကာ သူမ
တော်တော်လေးစိတ်တိုနေတဲ့အခါမျိုးဆို
ကျင့်ယန်အကြိမ်အနည်းငယ်ပင်
အရိုက်ခံရ နိုင်သည်။

သို့သော်ငြား ထိုနေ့မှာတော့ သူမက
ပုံမှန်နဲ့မတူစွာပဲ အလွန်နူးညံ့နေခဲ့၏။
ကျင့်ယန် သချ်ာစာမေးပွဲမှာ ဂဏန်း
တစ်လုံးတည်းရခဲ့တာကိုတောင်မှ
မဆူတဲ့အပြင် ညစာစားနေတုန်းမှာလည်း
သူမက သူ့ပန်းကန်ထဲကို အသီးအရွက်
တွေ ထည့်ပေးနေခဲ့သည်။

သူ့အမေရဲ့ထူးဆန်းနေတဲ့အပြုအမူ
တွေက ကျင့်ယန်ကိုကြောက်ရွံ့စေတာ
ကြောင့် သူ့ပါးစပ်ထဲကအသီးအရွက်တွေ
ကိုတောင်မဝါးရဲခဲ့ပါချေ။ သူက
ခေါင်းအနည်းငယ်မော့လိုက်ပြီး
ကြောင်တောင်တောင်လေးဖြင့်
မေးလိုက်၏။

"အမေ..ဘာဖြစ်လို့လဲဟင်?"

သူ့အမေက ကျင့်ယန်ရဲ့ခေါင်းကို
ငုံ့ချလိုက်ပြီးစိတ်မရှည်စွာနဲ့ပြောလာ
လေသည်။

"စားစရာရှိတာစားစမ်းပါ"

ဒါပေမဲ့သူမရဲ့မျက်လုံးတွေကတော့
နီရဲနေခဲ့၏။ ကျင့်ယန်ကဘာမှမသိတဲ့ပုံ
ပေါ်နေရင်တောင်မှပဲ သူကထိုမျှ
လောက်ထိ မတုံးအပါချေ။

သူထိုညက အိပ်ယာပေါ်မှာလှဲနေရင်း
တစ်ညလုံးအိပ်မပျော်နိုင်ခဲ့...။
သူ့အမေက အသံမကြားရအောင်
ဖွဖွလေးလုပ်နေတယ်ဆိုပေမဲ့ ကျင့်ယန်
ကတော့ပစ္စည်းထုပ်ပိုးသံတွေကို
ကြားနေရဆဲဖြစ်သည်။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now