68

977 178 24
                                    

Unicode

နှစ်တစ်နှစ်ရဲ့အဆုံးသတ်ခါနီးကိုရောက်လာ
လေလေ ရာသီဥတုက ပိုပြီးအေးလာ
လေလေပင်။

ကျင့်ယန်မှာ ဂျက်ကတ်အထူကြီးကို ဝတ်လို့
ထားပြီး လည်စည်းပဝါက သူ့မျက်နှာရဲ့
တစ်ဝက်လောက်အထိကို ဖုံးအုပ်နေ၏။
သူက ဆောင့်ကြောင့်ထိုင်ရင်း ကန်ဘေးမှာ
ညစာကျွေးနေလေသည်။

ကျင့်ယန်က သူ့ကိုယ်သူ ဝက်ဝံတစ်ကောင်
လို ထုပ်ထားပြီး ဟိုဟိုသည်သည် ငါးစာ
ကျွေးနေတတာကြောင့် ပုံစံကအနည်းငယ်
ကို့ရို့ကားရားနေနိုင်လှ၏။ ကန်ထဲက
ရွှေငါးလေးကလည်းငြီးငွေ့လာပုံရကာ
ကူးခတ်ပြီးတဲ့နောက်မှာ ခဏ နားနေ
တော့သည်။

ကျင့်ယန်က သူ့ရဲ့လည်စည်းပဝါကိုဆွဲချ
လိုက်၏။ သူစကားပြောလိုက်တိုင်း
မှာ အဖြူရောင် အငွေ့တွေက ပါးစပ်ထဲက
နေထွက်လို့ လာလေသည်။

"စားလေ...စား..."

ရွှေငါးလေးက သူ့အမြီးလေးကို ပုတ်ရင်း
ခတ်ရင်းနဲ့ အဝေးကို ဖြည်းဖြည်းချင်း
ကူးသွားလေတော့သည်။

ကျင့်ယန်မှာ စိတ်ဓာတ်ကျသွားရ၏။
အဲ့ဒီ့အချိန်မှာပဲ ယာတောအိမ်ပိုင်ရှင်
အန်တီကြီး ကျန်းက အောက်ထပ်ကို
ဆင်းလာတာနဲ့ကြုံလေသည်။ သူမက
ကျင့်ယန်ကိုတွေ့တာနဲ့ အော်လာ၏။

"ရှောင်ယန်....အပြင်မှာအေးနေတာကို၊
ရေတွေနဲ့မဆော့နဲ့လေ...."

ကျင့်ယန်မှာ အဝတ်တွေအထပ်ထပ်
ဝတ်ထားတာကြောင့် ခေါင်းလှည့်ဖို့ကိုတောင်
ခက်ခက်ခဲခဲ ကြိုးစားလိုက်ရကာ

"ကျွန်တော်က ငါးစာကျွေးနေတာရယ်၊
ရေထဲမှာဆော့နေတာမဟုတ်ပါဘူး..."

အန်တီကျန်းက သူ့နားကိုလျှောက်လာရင်း
ပြောလေသည်။

"အန်တီ အပြင်သွားမလို့၊ မင်း တစ်ခုခု
ယူချင်သေးလား?"

2နှစ်တောင်မပြည့်သေးတဲ့ အန်တီကျန်းရဲ့
မြေးလေးက သူမရဲ့ခြေရင်းနားမှာရပ်နေ
ကာ နို့ဘူးကိုလက်နှစ်ဖက်လုံးနဲ့ ကိုင်ထား
ရင်း မရပ်မနား စုပ်နေခဲ့၏။

ကျင့်ယန် လျှောက်သွားလိုက်ပြီး ထိုကလေး
လေးကို ငါးစာနဲ့ စနောက်လိုက်သည်။
အဲ့ဒီ့နောက် အန်တီကျန်းကို ပြုံးရင်း
ပြောလိုက်၏။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now