Unicode
ထိုနှစ်ယောက်ထွက်သွားတော့လီရှူးရိ
နင်ယွဲ့အနားကိုသွားလိုက်ပြီး သူ့ကို
အထက်အောက်စုန်ကာကြည့်လိုက်၏။
နင်ယွဲ့ကတော်တော်လေးပိန်သွားသည်။
သူ့အသားအရေကကြွေထည်ကဲ့သို့
ဖြူဖွေးနေကာ ဆံပင်နက်နက်တို့ဖြင့်ပနံသင့်
နေ၏။ဖြောင့်စင်းကာချောမွေ့နေတဲ့ နှာတံလေး
ရှိပြီး သူ့နှုတ်ခမ်းကွေးညွတ်နေပုံကပင်
လှသည်။ မျက်ဝန်းနက်များကတောက်ပ
နေ၏။သူ သူ့ရဲ့အေးဆေးတည်ငြိမ်တဲ့ပုံစံကို
ထိန်းထားနေဆဲပင်။သူဝှီးချဲပေါ်မှာထိုင်နေရတာတောင်မှ...
အဲ့ဒီ့လိုဆိုရင်တောင်မှပဲ သူ့ရဲ့သွင်ပြင်ကို
မထိခိုက်စေပေ။ဒီနှစ်တွေအတွင်းမှာ လီရှူးရိချောမောလွန်း
ပါတယ်ဆိုတဲ့လူတွေကိုမြင်ဖူးနေကျပင်
ဖြစ်၏။ ဒါပေမဲ့နင်ယွဲ့နှင့်ယှဥ်လိုက်ရင်တော့
သူတို့ကိုထည့်ပြောနေဖို့တောင်မလိုအပ်။အချစ်ကိုမယုံကြည်ပါဘူးဆိုတဲ့ ပိုင်ကျင့်
ကတောင်နင်ယွဲ့ကိုမမေ့နိုင်တာအံ့သြစရာ
မရှိတော့ပေ။လီရှူးရိမျက်လုံးတွေက နင်ယွဲ့ရဲ့
ခြေထောက်ပေါ်ကျရောက်သွားကာ"ခြေထောက်ကဘာဖြစ်ထားတာလဲ?"
နင်ယွဲ့ကသူ့မျက်နှာပေါ်က သိမ်မွေ့
ညင်သာတဲ့အပြုံးကိုဖယ်ရှားလိုက်ရင်း
အေးအေးလူလူပင် ပြောလာခဲ့သည်။"ကားအက်စီးဒင့်ဖြစ်သွားလို့အချိန်တစ်ခု
လောက် လမ်းမလျှောက်နိုင်ရုံပါ"သူက လီရှူးရိရဲ့ရှေ့မှာအားနည်းတဲ့ပုံကို
မပြချင်တာတောင့် "အချိန်တစ်ခုလောက်"
ဆိုတဲ့စကားကို အသားပေးကာပြောခဲ့သည်။လီရှူးရိဝေ့ပတ်ပြီးပြောမနေချင်တာကြောင့်
ဆိုလိုရင်းကိုသာတိုက်ရိုက်ပြောလိုက်သည်။"ဒါဆိုလည်း သခင်လေးနင်ကခြေထောက်
အတွက်ကုသမှုခံနေရမဲ့အစား ဘာလို့များ
ဒီကိုရောက်လာတာလဲ?"နင်ယွဲ့က သူ့ရဲ့အကြည့်တွေကို ခြေထောက်
တွေဆီလျှောချလိုက်ရင်းဖြည်းဖြည်းချင်း
ပြောလာ၏။"ဒီအက်စီးဒင့်ကငါ့ကို ကိစ္စတော်တော်
များများနားလည်အောင်လုပ်ပေးသွားတာပဲ"
![](https://img.wattpad.com/cover/368191250-288-k259898.jpg)
YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
Randomtotal chapter- 113 chapters update schedule- random.