Unicode
ကုမ္ပဏီကအလုပ်တွေပြီးတာနဲ့ လီရှူးရိ
ဆေးရုံကိုတန်းသွားလိုက်သည်။
ထိုကောင်စုတ်ကလေးကျင့်ယန် ဆေးရုံမှာ
ကောင်းကောင်းမစားရမှာကိုစိုးရိမ်
တာကြောင့်သူစားသောက်ဆိုင်ကိုအရင်
ဝင်လိုက်ကာ အာဟာရဖြည့်စွပ်ပြုတ်နဲ့အတူ
နှုတ်မြိန်စာတစ်ချို့ကိုပါဝယ်ခဲ့လိုက်၏။သို့ပေမဲ့ သူအစားအစာတွေကိုသယ်ထားရင်း
ဆေးရုံတံခါးကိုဖွင့်လိုက်တဲ့အချိန်မှာ
အခန်းထဲဘယ်သူမှမရှိပဲ ရှင်းလင်းနေခဲ့သည်။
သူ သူနာပြုတစ်ယောက်ကိုရှာပြီး မေးလိုက်
တဲ့အခါ တခြားလူနာတစ်ယောက်ကိုတွေ့ဖို့
ထွက်သွားတာ လို့ပြောလာသည်။ထိုအကြောင်းကိုကြားတော့ လီရှူးရိ
မျက်မှောင်ကျုံ့လိုက်မိ၏။ ကျင့်ယန်....
သူ့ကိုကြည့်တော့ ကိုယ်တစ်ပိုင်း
သေတော့မလို ဖြစ်နေသည့်တိုင်အောင်
တခြားတစ်နေရာကို အပြေးအလွှား သွားနိုင်
သေးသည်။လီရှူးရိမျက်နှာပေါ်က ဒေါသထွက်နေတဲ့
အမူအရာကိုမြင်တော့ သူနာပြုလေးက
အခန်းနံပါတ်အပြင် ဘယ်အထပ်မှာ
ရှိနေသလဲဆိုတာကိုပါ တိတိကျကျ
ပြောလာခဲ့သည်။ လီရှူးရိ သူမကို
ကျေးဇူးတင်လိုက်ပြီးနောက် စားစရာတွေကို
ချလိုက်ကာ ကျင်းယန်ကိုဖမ်းဖို့ပြင်လိုက်
တော့၏။တစ်ဖက်က ကျင့်ယန်ကတော့ သူပြဿနာ
တက်တော့မယ်မှန်းမသိသေးပေ။
ပိုင်ဟောင့်ကို ကူညီပြီးတစ်စုံတစ်ယောက်ကို
ဖြောင်းပြပေးနေလေ၏။
ထိုတစ်စုံတစ်ယောက်က စုန့်မိသားစုရဲ့
သခင်လေးစုန့်စစ်လော့ ကလွဲပြီး တခြားလူ
မဖြစ်နိုင်ပါချေ။တကယ်တမ်းကျ စုန့်စစ်လော့ ကဒဏ်ရာ
အပြင်းအထန်မရခဲ့ပေ။ သူ့အဖေက
စီရင်ချက်ချလိုက်တယ်ဆိုရင်တောင်
ဘာမှမဖြစ်ပဲ အသက်ရှင်လျက် ပြန်ထွက်လာ
နိုင်မည့်သူဖြစ်သည်။သူ့ရဲ့ အမသုံးယောက်က ဘာလုပ်နိုင်မှာတဲ့လဲ?
သူက စုန့်ဖုဟွာ အချိန်အကြာကြီး
မျှော်လင့်နေခဲ့ရတဲ့သားတစ်ယောက်ဖြစ်ပြီး
အလိုလိုက်ခံထားရကာ အချစ်ခံရလေသည်။အခု လတ်တလောမိသားစုထဲက အခြေအနေ
တွေအပြင် ပြန်ပေးဆွဲခံရတဲ့ စိတ်ဒဏ်ရာ
ကိုပါရထားခဲ့၏။ သူကကုတင်ပေါ်မှာပဲ
လှဲနေကာ စားချင်စိတ်မရှိဘူးလို့ပဲ
ပြောနေခဲ့သည်။

YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
Randomtotal chapter- 113 chapters update schedule- random.