42

642 108 4
                                    


Unicode

ကျင့်ယန် စုန့်စစ်လော့ရဲ့အိမ်ကို ရှာတွေ့ဖို့
အကြာကြီး ကားမောင်းပြီးလိုက်ရှာ
ခဲ့ရ၏။

ဗီလာရဲ့ရှေ့မှာ အနက်ရောင်ဝတ်စုံပြည့်နဲ့
လူနှစ်ယောက် ရပ်နေကြသည်။ကျင့်ယန်
တစ်ချက်လှမ်းကြည့်လိုက်တဲ့အခါ ဒီလူ
နှစ်ယောက်ကသူ့လိုပဲ ပရော်ဖက်ရှင်နယ်
တွေဖြစ်လိမ့်မယ်ဆိုတာသိလိုက်ရသည်။

ကျင့်ယန်ကားကိုပါကင်ထိုးလိုက်ပြီးနောက်
လမ်းလျှောက်သွားလိုက်၏။ တံခါးဝကလူက
ကျင့်ယန်ကိုအထက်အောက် စုန်ဆန်ကြည့်
ရင်းမေးလာသည်။

"မစ္စတာကျင့်ယန်လား?"

ကျင့်ယန်ခေါင်းညိမ့်လိုက်ကာ

"ဟုတ်တယ်"

အဲ့ဒီ့လူကသူ့ရှေ့ကိုလှမ်းလာပြီး အသံ
သြသြဖြင့်ပြောလာ၏။

"ခွင့်ပြုပါဦး၊စစ်ဆေးဖို့အတွက် ငါတို့နဲ့
ပူးပေါင်းပေးပါ"

ဒါကသူတို့ရဲ့တာဝန်ဆိုတာကိုနားလည်
တာကြောင့်ကျင့်ယန် ပူးပေါင်းပေးပြီး
သူ့လက်ကိုမြှောက်လိုက်သည်။

အဲ့ဒီ့လူက ကျင့်ယန်ရဲ့ပခုံးတွေကစလို့
ခြေဖျားအထိစစ်ဆေးပြီး သေနတ်မပါတာ
ကိုတွေ့လိုက်ရသည်။ အဲ့ဒီ့နောက် သူက
သတ္တုရှာဖွေရေးစက်နဲ့ထပ်ပြီးစစ်ဆေး
ပြန်၏။ သူ့အိပ်ကပ်ထဲမှာရှိနေတဲ့ဖုန်းကလွဲ
ရင် ကျင့်ယန်နဲ့ပတ်သတ်ပြီးဘာမှမှားနေ
တာမရှိပါချေ။

စမ်းသပ်ပြီးတဲ့နောက်ထိုလူကစိတ်သက်သာ
ရာရစွာသက်ပြင်းချလိုက်ပြီး လမ်းဖယ်ပေး
ကာပြောလာသည်။

"ကျေးဇူးပြုပြီးဝင်ပါ...၊ မစ္စတာကျင့်ယန်"

ကျင့်ယန်အထဲကိုဝင်သွားလိုက်တဲ့အခါ
စုန့်စစ်လော့ကိုစောင့်ရှောက်ပေးရတဲ့
အဒေါ်ကြီးက ရောက်လာပြီးရင်းနှီးစွာပင်
ပြောလာ၏။

"Sir...ဒုတိယထပ်ကိုပဲတိုက်ရိုက်သွားလိုက်
ပါ...သခင်လေးကမင်းကိုအခန်းထဲမှာ
စောင့်နေပါတယ်"

ကျင့်ယန်ခေါင်းညိမ့်လိုက်ကာ
"ကျေးဇူးတင်ပါတယ်"

ကျင့်ယန်ဖြည်းဖြည်းချင်းပဲလျှောက်နေရင်း
အိမ်တစ်ခုလုံးရဲ့ဖွဲ့စည်းပုံကိုလေ့လာ
လိုက်ကာ လှေကားကနေတံခါးအထိ
အကွာအဝေးကိုတွက်ချက်လိုက်၏။
အဲ့ဒီ့နောက်တော့သူ အပေါ်ထပ်ကိုတက်သွား
လိုက်တော့သည်။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now