Unicode
တစ်ညမှာတော့လီရှူးရိ ဂေးဘားကို
သွားခဲ့၏။သူ့ကြိုက်တာ ယောကျ်ားလေးလား
မိန်းကလေးလားဆိုတာတောင် သူ့ကိုယ်သူ
မသိပါချေ။သူယောကျ်ားတွေကိုနှစ်သက်
တာလား..ဒါမှမဟုတ် ပိုင်ကျင့်အပေါ်မှာပဲ
ဒီလိုခံစားချက်တွေရှိနေတာလားဆိုတာ
သေချာချင်တဲ့အတွက်ကြောင့် သွားကြည့်ဖို့
ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။လီရှူးရိက ဒီလိုအသိုင်းအဝိုင်းမျိုးထဲကို
တစ်ခါမှခြေမလှမ်းခဲ့ဖူးသလို သူ့ကို
ဒီအသိုင်းအဝိုင်းထဲက သူငယ်ချင်း
မျိုးလည်းမရှိပေ။အဲ့တာကြောင့်သူ
လူတစ်ချို့ကိုမေးကြည့်ပြီးတော့
နာမည်အကြီးဆုံးတစ်ခုဆီကိုသာ
သွားလိုက်၏။သူသွားတဲ့အချိန်က ညနက်နေပြီဖြစ်ကာ
ဘားထဲမှာအသက်အဝင်ဆုံးအချိန်လည်း
ဖြစ်သည်။ ဆူညံနေတဲ့အသံတွေကြောင့်
လီရှူးရိ မျက်မှောင်ကျုံ့မိလိုက်ပြီး
ပိုချောင်ကျကာ တိတ်ဆိတ်တဲ့နေရာတစ်ခုကိုရွေးချယ်လိုက်ပြီး ထိုင်နေလိုက်၏။သောက်စရာတစ်ချို့ကိုမှာပြီးတဲ့နောက်
လီရှူးရိ သူ့ရဲ့ခုံမှာပဲထိုင်နေလိုက်ပြီး
အရူးအမူးကခုန်နေကြတဲ့လူအုပ်ကြီးကို
လှမ်းကြည့်လိုက်သည်။သူက ဘယ်သူ့ကိုမှ
သွားပြီး စကားမပြောခဲ့သလို လှုပ်ရှားမှုတွေ
မှာလည်းဝင်မပါခဲ့ပေ။ ထိုနေရာမှာ
ထိုင်နေတဲ့လူကသူတစ်ယောက်ထဲဖြစ်ပြီး
နေရာမှထွက်နေကာ ပတ်ဝန်းကျင်မှာ
အေးခဲနေပုံပေါ်၏။ဒါက သူထင်ထားတာနဲ့မတူစွာပဲ
ကွဲထွက်နေခဲ့သည်။သူနေရာမှားလာတာလို့တောင် လီရှူးရိ
ခံစားလိုက်ရ၏။ ဒီနေရာမှာ သူက
တခြားယောကျ်ားလေးတွေဆီကနေရော
ဆွဲဆောင်ခံရလားဆိုတာကို အတည်ပြုဖို့
မဖြစ်နိုင်လောက်ပေ။ အဲ့တာကိုခံစားဖူးပြီး
သူ့ရဲ့သံသယတွေကိုဖြေရှင်းပေးမဲ့လူ
တစ်ယောက်နဲ့ဆုံတွေ့ရန်ကတော့ ပိုလို့တောင်
မဖြစ်နိုင်သေးသည်။လီရှူးရိ ပျင်းရိလာသလိုခံစားလိုက်ရပြီး
ဆူညံသံတွေကြောင့်မအီမသာဖြစ်လာ
ရ၏။ သူ ခဏလောက်ဆက်ထိုင်နေ
ခဲ့ပြီးနောက် ထွက်သွားဖို့ ဆုံးဖြတ်
လိုက်သည်။ သူ့ရဲ့ကုတ်အင်္ကျီကို
ကောက်ယူလိုက်တဲ့ အချိန်မှာပဲ
လူတစ်ယောက်ရောက်လာခဲ့ပြီး
သူ့ဘေးကခုံမှာဝင်ထိုင်လိုက်၏။

YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
De Todototal chapter- 113 chapters update schedule- random.