Unicodeအန်ကယ်ဝူပြန်ရောက်လာတဲ့အချိန်မှာတော့
ထန်ရွှယ်ပြောသွားတဲ့ နောက်ဆုံးစကားတွေကို
ကြားလိုက်ရ၏။ အဲ့ဒီ့အခါ လီရှူးရိကတကယ်
ကြီးထွက်သွားပြီဆိုတာကို သူနားလည်လိုက်
ရသည်။ လီရှူးရိကမထွက်သွားခင်မှာတောင်
သူ့ကိုမှာနေခဲ့သေးတဲ့စကားတွေကိုပြန်တွေး
ရင်း အန်ကယ်ဝူမှာ စိတ်ထဲမသက်မသက်
မသာဖြစ်သွားရ၏။ ထန်ရွယ်ထွက်သွားပြီး
အနည်းငယ်ကြာတော့မှ သူသတိပြန်ဝင်
လာပြီး ပိုင်ကျင့်ဆီကိုလျှောက်သွားကာ
ဘာစားမလဲလို့မေးလိုက်သည်။ အဲ့တာမှ
ပြင်ဆင်ဖို့မတွက်ပြောပေးနိုင်မှာပင်။ပိုင်ကျင့်ကသူ့ကိုပြန်ဖြေမလာဘဲ မသက်
ဆိုင်တဲ့မေးခွန်းကိုမေးလာခဲ့သည်။"ခင်ဗျားဘာလို့ ကော်ဇောခင်းကိုလဲလိုက်
တာလဲ?"သိုးမွှေးကော်ဇောက လီရှူးရိကိုယ်တိုင်
နိုင်ငံခြားကနေဝယ်လာခဲ့တဲ့အရာဖြစ်၏။
အဓိကအရောင်က အနီရောင်ဖြစ်ပြီး ပုံစံ
ပေါင်းများစွာနဲ့ရက်လုပ်ထားကာ အလယ်
မှာတော့ နိမိတ်ကောင်းတဲ့တိမ်စိုင်တွေနဲ့
ဝန်းရဲထားတဲ့နေမင်းပုံဖြစ်လေသည်။ ပိုင်ကျင့်
မှာ အဲ့ဒီ့ကောဇောနဲ့ပတ်သတ်ပြီး အတော်လေး
ကိုအံ့အားသင့်ခဲ့ရဖူး၏။ ဘာလို့ဆိုလီရှူးရိက
အဲ့ဒီ့နေပုံကိုမြင်နိုင်အောင် ဖန်စားပွဲခုံကို
ကော်ဇောရဲ့အလယ်မှာနေရာချထားခဲ့၍....။
အဲ့ဒီ့အချိန်တုန်းကသူဟာ အချိန်ရရင်ရသလို
အဲ့ဒီ့ခုံကိုရွှေ့နေလိမ့်မှဖြစ်ပြီး ပိုင်ကျင့်ကတော့
သူကို 'ဒုက္ခရှာနေတယ်' ဆိုပြီးရယ်မိမှာပင်။အခုတော့ သိုးမွှေးကော်ဇောက မရှိတော့ဘဲ
အဖြူရောင်ပြောင်ကြမ်းပြင်နှင့်အစားထိုးခံ
လိုက်ရလေပြီ။အန်ကယ်ဝူမှာ ဘယ်လိုပြန်ဖြေရမလဲမသိ
တော့ပါချေ။ ဒါပေမဲ့စဥ်းစားကြည့်လိုက်တော့
လည်း ပိုင်ကျင့်ကတဖြည်းဖြည်းနဲ့အမှန်ကို
သိသွားမှာပဲလေ။ အဲ့တာကြောင့်သူ အမှန်
အတိုင်းပဲပြောပြလိုက်တော့၏။"မစ္စတာလီကအဲ့တာကို ယူသွားတာပါ"
ပိုင်ကျင့် ဒီစကားလုံးတွေကနေတစ်ခုခုကို
သိလိုက်ရကာ လှေကားနားကိုလှမ်းကြည့်
လိုက်သည်။ အသေအချာပဲပေါ့...ပန်းချီကား
လည်းမရှိတော့ဘူး။
YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
Randomtotal chapter- 113 chapters update schedule- random.