Unicodeဝေ့ကျီလီရှူးရိပြောတာကိုသဘောမတူပဲ
တခြားမေးခွန်းသာမေးလိုက်၏။"အခုကျင့်ယန်ကစိတ်ချရပြီဆိုတော့ မင်းရဲ့
ခွဲစိတ်မှုအတွက်ပြင်ဆင်လိုက်ကြတော့မလား?"လီရှူးရိက ပြန်ဖြေမလာခင် အချိန်အကြာကြီး
တိတ်ဆိတ်နေခဲ့ကာ"ငါမနက်ဖြန်ကျရင်ဆေးရုံကဆင်းတော့မှာ"
"ဆေးရုံကဆင်းမယ်?"
ဝေ့ကျီကမယုံနိုင်စရာတစ်ခုကို ကြားလိုက်ရ
သလိုမျိုး အသံကိုမြှင့်ရင်းပြောလာ၏။"မင်းငါ့ကိုလာနောက်နေတာလား?"
"ဝေ့ကျီ...ဒီရောဂါက အချိန်ခဏလေးနဲ့
သေသွားနိုင်တာမျိုးမှမဟုတ်တာကွာ..."လီရှူးရိကပြုံးလိုက်ကာ
"ငါ့မှာလည်း တခြားလုပ်စရာကိစ္စတွေရှိသေး
တယ်"သူ ကယ်ချင်တဲ့တစ်ဦးတည်းသောသူက
ကျင့်ယန်ဖြစ်ပြီး ဒီကိစ္စကိုလီရှူးရိ ပိုင်ကျင့်ရဲ့
လက်ထဲကိုမလွှဲလိုက်နိုင်ပါချေ။ ကျင့်ယန်ရဲ့
ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေအကြောင်းကို
တွေးလိုက်မိတဲ့အခါ လီရှူးရိရဲ့မျက်နှာမှာ
အေးစက်မှုတစ်ချို့ပေါ်လာခဲ့သည်။လီရှူးရိ စုန့်စစ်လော့ကိုပြန်ပြီးရိုက်နှက်ဖို့အတွက်
လူငှားမှာမဟုတ်ပါချေ။အဲ့တာကအရမ်းကို
လွယ်ကူလွန်းလိမ့်မည်ဖြစ်၏။ သူကစုန့်မိသားစု
ကိုလိုချင်နေပြီး ပိုင်ဟောက်ကလည်းအဲ့ဒီ့ကအကျိုးအမြတ်ကိုလိုချင်နေတယ်ဆိုရင်တော့...
ကောင်းပြီလေ...သူတို့လိုချင်တာတွေ
ဘာတစ်ခုမှမရအောင် လုပ်ပေးရသေးတာပေါ့။ဒါကသာသူလုပ်မဲ့အရာဖြစ်ပြီး ဒီကိစ္စက
ပိုင်ကျင့်ရော သူ့မိသားစုနဲ့ပါ လုံးလုံး
မသက်ဆိုင်ပါချေ။"လီရှူးရိ...မင်းကိုယ်မင်း ဘာပြောနေတာလဲ
ဆိုတာကိုရောသိရဲ့လား?"ဝေ့ကျီမှာ တော်တော်လေးကိုဒေါသထွက်နေပြီ
ဖြစ်သည်။လီရှူးရိရဲ့ဦးနှောက်က ဗုံးတစ်လုံးလိုမျိုး
ဖြစ်နေတာပင်။ အကြိတ်က အခုမှစတင်တာ
ဖြစ်ပြီး ပတ်ပတ်လည်က ဦးနှောက်တစ်သျှူး
တွေ၊အရေးကြီးတဲ့ ဦးနှောက်အာရုံကြောတွေနဲ့သွေးကြောတွေ ဆိုးဆိုးဝါးဝါးမထိခိုက်သွား
ခင်မှာ အပြီးအပိုင်ဖယ်ရှားပြီး ကုသလိုက်နိုင်
သည်။ ဒါပေမဲ့ သူကြန့်ကြာနေတဲ့ရက်တိုင်း၊
စက္ကန့်တိုင်းက ပိုပိုပြီး အန္တရာယ်များစေမှာ
ဖြစ်ကာ နောက်တစ်စက္ကန့်အတွင်းမှာပဲ
ဒီအကြိတ်က ဆိုးဆိုးဝါးဝါးတစ်ခုခု
ဖြစ်မလာဘူးလို့ ဘယ်သူမှအာမ မခံနိုင်ပေ။
![](https://img.wattpad.com/cover/368191250-288-k259898.jpg)
YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
Randomtotal chapter- 113 chapters update schedule- random.