Unicodeစကားပြောပြီးတဲ့နောက် လီရှူးရိမှာ
တိတ်ကျသွားတော့၏...။ ပိုင်ကျင့်ရဲ့
နားရွက်ဖျားတွေကို ပူပြင်းလှတဲ့
လေငွေ့တွေ အဆက်မပြတ် ရိုက်ခတ်လို့
နေလေသည်။ပိုင်ကျင့်က လီရှူးရိကိုချီပိုးထားရင်း
အောက်ကို မြန်နိုင်သမျှမြန်အောင်လျှောက်
လို့နေ၏။ လီရှူးရိရဲ့ သတိလစ်သွားတော့
မတတ်ပုံစံကိုမြင်တဲ့အခါ ကျောမင်ယွမ်
လည်းပဲသူ့ရဲ့နာမည်ကို အဆက်မပြတ်
ခေါ်ပေးနေ ခဲ့သည်။ သို့သော်ငြား
ဘာတုံ့ပြန်မှုမှမရှိခဲ့ပါချေ။ကားရှိရာကိုရောက်တဲ့အခါ ကျောမင်ယွမ်က
အရင်သွားပြီးတံခါးကိုဖွင့်ပေးလိုက်၏။
ပိုင်ကျင့်လီရှူးရိကို ကားနောက်ခန်းက
ခုံပေါ်ချပေးပြီး ကျောမင်ယွမ်ကို
ပြောလိုက်သည်။"မင်းအရှေ့မှာထိုင်ပြီး ဒရိုင်ဘာကို
ဝေ့မိသားစုဆေးရုံဆီ မောင်းဖို့ပြောလိုက်""ကောင်းပြီ"
ကျောမင်ယွမ်ချက်ချင်းတုံ့ပြန်လိုက်ပြီး
ရှေ့ခန်းမှာသွားထိုင်လိုက်၏။ကားထွက်တဲ့အခါ ပိုင်ကျင့် သူ့ဘေးကို
လှည့်ထိုင်ကာ လီရှူးရိကိုထိန်းလိုက်ပြီး
သူ့ရင်ဘတ်ပေါ်မှီထားစေလိုက်သည်။
အဲ့ဒီ့နောက် စိုရွှဲနေတဲ့ အဝတ်အစားတွေ
အားလုံးကိုအမြန်ချွတ်ပေးလိုက်ပြီး
ကားထဲမှာအမြဲအဆင်သင့်ဆောင်ထား
လေ့ရှိတဲ့စောင်ကိုယူကာ လီရှူးရိကို
ပတ်ထားလိုက်၏။ပိုင်ကျင့်ရဲ့ကုတ်အင်္ကျီမှာလည်း
အနည်းငယ်စိုရွှဲနေခဲ့လေသည်။သူ ကြယ်သီးဖြုတ်ကာ ကုတ်အင်္ကျီကို
ဆွဲချွတ်လိုက်ပြီးဘေးနားကိုပစ်ချလိုက်၏။
အဲ့ဒီ့နောက် စောင်နဲ့ပတ်ခံထားရတဲ့
လီရှူးရိကို သူ့လက်မောင်းတွေကြားထဲမှာ
တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားလိုက်
သည်။လီရှးရိက မိုးရေထဲမှာအချိန်အကြာကြီး
ရှိနေခဲ့တာဖြစ်ပြီး မြေပြင်ပေါ်မှာလှဲနေခဲ့
တာဖြစ်လေ၏။ သူ့ခန္ဓာကိုယ်ထဲကို
လေအေးတွေဒီလောက်ဝင်ထားတာ...
ဘယ်လိုလုပ်ပြီး ပြဿနာမရှိဘဲနေမတဲ့လဲ?
YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
Randomtotal chapter- 113 chapters update schedule- random.