11

771 121 22
                                    

Unicode

အိမ်ကိုပြန်ရောက်တော့ကျင့်ယန်
ပိုင်ဟောက်ကိုအိပ်ရာပေါ်ဆွဲခေါ်လိုက်သည်။
သူ့အင်္ကျီနဲ့ဖိနပ်ကိုပါတစ်ခါထဲ ချွတ်ပေး
လိုက်ပြီး ဂွမ်းကပ်ကိုသူ့ပေါ်ဆွဲတင်ပေးကာ
ဘာပစ္စည်းမှမယူပဲ အိမ်ကနေထွက်လာတော့
၏။ သူ ကားကိုငှားလိုက်ပြီး လူနာဆောင်
ကို တိုက်ရိုက်သွားလိုက်သည်။ လမ်းမှာသူ
အဖွဲ့ခေါင်းဆောင်ကိုဖုန်းဆက်လိုက်ပြီး
သူလုပ်စရာတစ်ခုရှိတာကြောင့် ဒီနေ့တော့
မလာနိုင်လောက်တော့ဘူးလို့
ပြောလိုက်၏။

အဖွဲ့ခေါင်းဆောင်ရှူက ပျင်းရိစွာသမ်းဝေ
လိုက်ပြီးသူမလာချင်ရင် မလာလို့ရတယ်လို့
ပြောခဲ့သည်။ ဘာပြဿနာမှမရှိ။
ဆေးရုံမှာ အဖွဲ့ထဲကလူနည်းစုလောက်သာ
ကျန်ခဲ့တာလို့ပြောလာသည်။

ကျင့်ယန် စိတ်နည်းနည်းရှုပ်သွားရကာ
မေးလာ၏။

"ဘယ်လိုလုပ်ပြီးဆေးရုံကိုရောက်နေတာလဲ"

လောင်ရှူက အသံကိုတိုးလိုက်ပြီး
ဖြေလာသည်။

"သူဋ္ဌေးကဒီကိုလူတစ်ယောက်နဲ့အတူ
ရောက်လာတယ်။ နေ့လယ်ကတွေ့ခဲ့တဲ့
ဝှီးချဲနဲ့ ရုပ်ချောတဲ့သူလေ"

ကျင့်ယန်တိတ်ဆိတ်သွား၏။ အချိန်အတော်
ကြာတဲ့အထိ ဖုန်းထဲမှာစကားပြောမဲ့သူ
မရှိတော့ပေ။

လောင်ရှူ ရုတ်တစ်ရက်ပင် ကျင့်ယန်က
လီရှူးရိဘက်ကလူဆိုတာသတိရသွားပြီး
ရှက်ရွံ့စွာထပ်ပြောလာသည်။

" တကယ်တော့လည်းအဲ့ဒီ့လောက်
ကြည့်ကောင်းတာမဟုတ်ပါဘူး"

ကျင့်ယန်ရဲ့အသံက ကြမ်းရှနေသည်။

"ခေါင်းဆောင် ၊ကျွန်တော်ဖုန်းချပြီ"

သူရုတ်တစ်ရက် လီရှူးရိကသူ့ကို
ဘာလို့ဖုန်းခေါ်လာသလဲဆိုတာ
နားလည်သွား၏။ ဘာလို့ဆို...သူ့ဘေးမှာ
တစ်ယောက်မှရှိမနေခဲ့လို့လေ။

ကျင့်ယန် လူအိုဆောင်ကိုရောက်တော့
လီရှူးရိ ဖုန်းပြောတုန်းက ပြောထားခဲ့တဲ့
နေရာကိုရှာလိုက်သည်။ သူအခန်းဝမှာ
ရပ်နေရင်း တံခါးကိုညင်သာစွာခေါက်လိုက်
သော်ငြားပြန်ဖြေမဲ့သူမရှိခဲ့။ သူတံခါး
လက်ကိုင်ဘုကိုလှည့်ပြီးနောက် တွန်းဖွင့်ကာ
အထဲကိုဝင်သွားလိုက်သည်။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now