Unicode
လီဝိန်းကျွော်နှင့် လီဝမ်ယင်းတို့ရဲ့
စျာပနကို လီရှူးရိနဲ့ကျောက်ဟွေးတို့
ကစီစဥ်ခဲ့ကြသည်။မြေမြှုပ်တဲ့နေ့မှာ လီရှူးရိက စကားတစ်ခွန်းမှ
မပြောခဲ့ဘဲ မြေပြင်ပေါ်မှာသာ ဒူးထောက်နေ
ခဲ့၏။သူ ဘယ်လိုစကားမျိုးကိုပြောရမလဲ
မသိပါချေ။သူတို့ရှေ့မှာ ဒူးထောက်ဖို့တောင်
အရည်အချင်းမပြည့်မီဘူးလို့
ခံစားနေရတာ....နောင်တရခြင်း၊ တောင်းပန်ခြင်းနှင့်
စိတ်မကောင်းခြင်းတို့ကိုပြောထွက်ဖို့က
သိပ်ကို ပေါ့ပျက်ပျက်ဖြစ်နေလွန်းသည်လေ။ကျောက်ဟွေးသည်လည်း ကိုယ်အလေးချိန်
အတော်လေးကျသွားခဲ့ပြီး သူ့ဆံပင်တွေမှာ
အဖြူရောင်ပင်ပြောင်းလုလု ဖြစ်နေခဲ့၏။တကယ်တော့ အရာအားလုံးနဲ့ပတ်သတ်ပြီး
လီရှူးရိကိုအပြစ်တင်နေတာက အရမ်း
ပြင်းထန်မှန်းသူသိနေပေမဲ့ သူ့ကိုယ်သူ
မထိန်းချုပ်နိုင်ခဲ့ပေ။အထူးသဖြင့် လီရှူးရိဟာ ကျန်းမန့်ချင်ရဲ့
သွေးသားဖြစ်ပြီး သူ့ကိုယ်ထဲမှာ
ကျန်းမန့်ချင်ရဲ့သွေးတွေစီးဆင်းနေတဲ့
အကြောင်းကိုတွေးမိလိုက်လျှင် သူမုန်းတီး
မိတာကို မထိန်းချုပ်နိုင်ခြင်းဖြစ်ပါ၏။စျာပနပွဲအပြီးမှာ ကျောက်ဟွေးက
ကျင်းဟိုင်မြို့ကနေထွက်သွားခဲ့ပြီး
လင်းချန်မြို့ကိုပြောင်းသွားခဲ့သည်။လီဝမ်ယင်းနဲ့သူ့ကလေးလေးတို့ရဲ့
စိတ်မချမ်းမြေ့ဖွယ်အဖြစ်အပျက်ကို
တွေးရောညပါတွေးနေမိနေတာကြောင့်
ဒီမှာဆက်ပြီးကြာကြာနေလျှင် သူ
ရူးသွားလိမ့်မည်။လီရှူးရိကသူထွက်သွားတာနဲ့ပတ်သတ်ပြီး
ဘာတစ်ခွန်းမှ မပြောခဲ့ပေမဲ့မိသားစုထဲက
ကျန်ရှိသမျှငွေတွေအကုန်လုံးကိုထည့်ပေး
လိုက်၏။ ကျောက်ဟွေးကထိုငွေတွေကို
မလိုချင်ခဲ့တာကြောင့် သူမသိအောင်
ခရီးဆောင်အိတ်ထဲကို ကတ်လေးတစ်ကတ်
ထည့်ပေးခဲ့ရခြင်းဖြစ်သည်။လီရှူးရိ ကျောင်းပြန်တက်တဲ့နောက်ပိုင်း
သူနဲ့ပိုင်ကျင့်တို့ကြားမှာ အဆက်အသွယ်
ပိုများလာခဲ့၏။
YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
Randomtotal chapter- 113 chapters update schedule- random.