17

549 96 6
                                    


Unicode

အားလုံးက တက်ကြွစွာ ဆွေးနွေး
နေကြသော်လည်း ခုန်ရိကတော့
သူ့ခေါင်းကိုငုံ့ထားရင်း တိတ်ဆိတ်စွာ
သောက်နေခဲ့လေ၏။တစ်ချက်တစ်ချက်
သူ့ခေါင်းကိုမော့လိုက်တိုင်းမှာ သူ့အကြည့်
တွေက စုန့်စစ်လော့ဆီကိုရောက်သွား
တတ်သည်။ အဲ့ဒီ့လူရဲ့အကြည့်တွေက
အစကနေအဆုံးထိ ပိုင်ဟောက်အပေါ်မှာပဲ
ရှိနေတာကိုမြင်ရတဲ့အခါ သူခေါင်းငုံ့ပြီးသာ
ဆက်သောက်နေတော့၏။

ကျင့်ယန်ရဲ့ပန်းကန်ထဲကပုစွန်တွေက
သူ့ကြောင့်ပဲအပိုင်းပိုင်းဖြစ်လို့သွားကာ
သူလည်း ထပ်စားချင်စိတ်မရှိတော့ပါချေ။
စကားပြောနေကြတာကိုဆက်ပြီး
နားထောင်လေလေ သူမသက်မသာ
ခံစားရလေပင် ဖြစ်၏။ ဥာဏ်ထိုင်းကာ
ညံ့ဖျင်းသလိုခံစားချက်ပါပင်။

သူ့သခင်လေးက ပိုင်မိသားစုဆီကနေ
အနိုင်ကျင့်ခံရတုန်းကလည်း သူဘာမှ
မလုပ်ပေးနိုင်ခဲ့သလို အခုကုမ္ပဏီတစ်ခုကို
စတင်ဖို့ကြိုးစားချိန်မှာလည်းသူကူညီ
နိုင်တာများများစားစားမရှိ။ သူဖုန်းကို
ထုတ်ကာကြည့်နေရင်း အလုပ်များနေပုံ
ဟန်ဆောင်လိုက်ကာ

"သခင်လေး...ကျွန်တော်အပြင်ထွက်ပြီး
ဖုန်းပြောလိုက်ဦးမယ်နော်"

ပိုင်ဟောက်က စုန့်စစ်လော့ရဲ့အစီအစဥ်ကို
ဂရုတစိုက်နားထောင်နေခဲ့ကာ သူ့စကားကို
ကြားတော့လှည့်ပင်မကြည့်ဘဲ ခေါင်းညိမ့်
လိုက်၏။ သူကအခုပါဝင်ဖို့အတွက်
မရည်ရွယ်ထားပေမဲ့ သူ့အတွက်
လမ်းကြောင်းတစ်ခုကိုချန်ထားတာက
မှန်ကန်တဲ့ဆုံးဖြတ်ချက်ဖြစ်နေလို့ပင်။
အဲ့တာထက်စုန့်စစ်လော့ကလည်း
ဘာမှကိုနားမလည်တာဖြစ်သည်။

သူဂရုတစိုက်နားထောင်နေရကာ
စုန့်စစ်လော့က ဘာမှမသိပဲ အမှားတွေ
ပြောလာတဲ့အခါကျရင်ပြင်ဆင်ပေး
နေတာဖြစ်၏။

ကျင့်ယန်ထွက်လာပြီးနောက်
တိတ်တဆိတ်ပဲ ဇိမ်ခံအဆောက်အအုံရဲ့
ရေချိုးခန်းဘက်ကိုထွက်လာလိုက်သည်။
သူကြုံတဲ့တစ်ခန်းကိုဝင်လိုက်ပြီး
ထိုင်ချကာ ဝမ်းနည်းစွာပင်သက်ပြင်းရှိုက်
မိ၏။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now