74

533 151 4
                                    


Unicode

ပိုင်ဝိန်ဖန်က နှစ်သစ်ကူးမတိုင်ခင်တစ်ညမှာ
ဆုံးပါးသွားခဲ့တာဖြစ်တာကြောင့် ပိုင်မိသားစု
အတွက်တော့ စိတ်မချမ်းမြေ့စရာ နှစ်သစ်ကူး
ဖြစ်သွားခဲ့ရ၏။

အရင်ကဆို ပိုင်ကျင့်က လီရှူးရိကို
ကျွမ်းကျင်လက်နက်တစ်ခုအဖြစ် အသုံးချ
နေကျပင်ဖြစ်သည်။ ဒါပေမဲ့ အခုတော့
တစ်ဖက်လူကို ဒီကိစ္စတွေထဲ မပါဝင်စေချင်
တော့ပါချေ။သူဟာ အိမ်ကိုရက်ပေါင်းများစွာ
ပြန်မလာတော့သလို တခြားတွေကိုလည်း
လီရှူးရိဆီပြန်ပြောခွင့်မပြုခဲ့။

စျာပနပွဲပြီးသွားတဲ့အခါ ပိုင်ကျင့်အတွက်
အရေးအကြီးဆုံးဧည့်သည်တွေက ပြန်သွား
ကြပြီဖြစ်၏။ သူ ဦးလေးတွေနဲ့စကားပြော
တာကိုရပ်လိုက်ပြီး တခြားနေရာတွေက
လာတဲ့အကြီးအကဲတွေကိုပါ နှုတ်ဆက်
စကားပြောပြီးတဲ့အခါ သူ့ လူတွေနဲ့အတူ
ပြန်လာခဲ့တော့သည်

ခန်းမထဲကထွက်လာတဲ့အခါ ကားဆရာက
ကားကို သိပ်မလှမ်းတဲ့နေရာမှာ ကားရပ်
ထားတာကိုတွေ့လိုက်ရသည်။ လမ်းရဲ့
ဘေးကလျှောက်လမ်းပေါ်မှာ ရပ်နေတဲ့သူက
အနက်ရောင်ဝတ်စုံပြည့်ကို ရင်ဘတ်ပေါ်မှာ
အဖြူရောင်ပန်းထိုးထားတဲ့ အမျိုးသမီး
တစ်ယောက်ဖြစ်၏။ သူမက ပိုင်ကျင့်ကို
မြင်တာနဲ့ အနားကိုလျှောက်လာလေသည်။
သူမရဲ့ပါးစပ်က " ပိုင်" ဆိုတဲ့စကားသံ
ထွက်လာတာနဲ့ ကျောမင်ယွမ်က သူမကို
တားဖို့ တိုးသွားခဲ့၏။

ပိုင်ကျင့်က ရပ်မသွားသလို ထိုအမျိုးသမီး
ကိုလည်း အကြည့်တစ်ချက်မှမပေးခဲ့ပေ...။
သူ့ဘေးနားကလူတစ်စုကလည်း အနောက်
ကနေဖြည်းဖြည်းချင်းလိုက်လာကြတော့၏။

တခြားလူတွေထွက်သွားတာကိုကြည့်ရင်း
ကျောမင်ယွမ် သက်ပြင်းချလိုက်မိကာ

"မစ္စနင်ဟွေး...မင်းဘာလို့ဒီလိုတွေ
လုပ်နေရတာလဲ?''

နင်ဟွေးရဲ့မျက်လုံးတွေက ပိုင်ကျင့်ကို
မေးခွန်းထုတ်ရင်းနှင့် နီရဲလို့လာသည်။

"ပိုင်ကျင့်က တကယ်ကို နှလုံးသားမဲ့တာပဲလား?"

ကျောမင်ယွမ်မှာ သူမကိုကြည့်ရင်း
အတော်ကြာတဲ့အထိ ပြောစရာစကား
မဲ့သွားရတော့၏။ သူအရင်က နင်မောင်နှမ
အပေါ်မှာ အမြင့်ကောင်းရှိခဲ့တာဖြစ်သည်။
အထူးသဖြင့်နင်ယွဲ့...။ ကြည့်ရင်တော့
ယုန်ဖြူလေးလိုမျိုး အန္တရာယ်မပြုနိုင်၊
သိမ်မွေ့နူးညံ့ပြီး စဥ်းစားဆင်ခြင်နိုင်စွမ်း
ရှိလို့ ကြင်နာတဲ့ပုံစံကလေးပင်။ ဒါပေမဲ့
ဒီယုန်ဖြူလေးကအသံဖိုင်လို၊ ဓာတ်ပုံခိုးရိုက်
ထားတာလိုမျိုး စက်ဆုပ်ဖွယ်ကောင်းတဲ့
ဘယ်အရာကိုမဆိုလုပ်ရဲခဲ့၏...။

You've reached the end of published parts.

⏰ Last updated: 2 days ago ⏰

Add this story to your Library to get notified about new parts!

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now