26

589 109 8
                                    

Unicode

လီဝိန်းကျွော်နှင့်ကျန်းမန့်ချင်တို့မှာ
ငယ်စဥ်ကတည်းကပင် သိကျွမ်းခဲ့သူများ
ဖြစ်ကြသည်။

သူတို့က စတုရန်းပုံအဆောက်အဦမှာ
အတူနေခဲ့ကြတာဖြစ်ပြီး ထို
အဆောက်အဦမှာကျဥ်းမြောင်းလွန်းလို့
လှေကားပေါ်မှာတောင် လူ နှစ်ယောက်အတူ
မရပ်နိုင်ပါချေ။ ထိုနေရာမှာနေကြတဲ့
မိသားစုတွေအားလုံးက အလွန်
ခက်ခဲနေသူများသာဖြစ်ကြ၏။

လီဝိန်းကျွော်ရဲ့အဖေက ငယ်ငယ်ရွယ်ရွယ်
နဲ့ပဲသေဆုံးသွားခဲ့တာဖြစ်ပြီး သူ့ရဲ့
အမေကအပြင်းအထန်ဖျားနာနေခဲ့သည်။
သူ့မှာ ညီမငယ်လေးတစ်ယောက်လည်း
ရှိသေး၏။ လီဝိန်းကျွော်က မိသားစုကို
ထောက်ပံ့ဖို့ကျောင်းထွက်ပြီးအလုပ်လုပ်
နေရတာဖြစ်သည်။ ကျန်းမန့်ချင်ကတော့
သူ့အမေဆုံးသွားတဲ့နောက် သူမရဲ့
အဖေကနောက်မိန်းမတစ်ယောက်ကို
ထပ်ယူခဲ့ကာ သားလေးတစ်ယောက်
ထပ်ရခဲ့သည်။ သူ့အဖေကသူမကို
မသိကျိုးကျွန်ပြုထားခဲ့တာကြောင့်
ကျန်းမန့်ချင်မှာ ကျန်းမာရေးမကောင်းတဲ့
သူ့အဘွားနဲ့သာ နွမ်းပါးစွာနေရလေသည်။

သို့သော်ငြား ကျန်းမန့်ချင်က အလွန်ကိုမှ
လှပသူတစ်ယောက်ဖြစ်၏။

နေရာတိုင်းမှာအနံ့ဆိုးတွေရှိနေပြီး
ညစ်ပတ်ပေပွနေတဲ့ အပျက်အစီးပုံ
လိုနေရာမျိုးမှာ လူတိုင်းကဖြစ်သလိုသာ
နေထိုင်ကြပေမဲ့ သူမရဲ့မျက်နှာလေးက
ရင်သပ်ရှူမောဖွယ်ရာ ဖြစ်နေခဲ့သည်။
ဒါ့ကြောင့်ကျန်းမန့်ချင် ငယ်ငယ်လေး
ကတည်းက သူ့ဘေးနားမှာလူပျိုလေးတွေ
ဝိုင်းနေခဲ့တာဖြစ်၏။ လီဝိန်းကျွော်ကလည်း
ထိုလူတွေထဲကတစ်ယောက်ပါပင်။

သို့သော်ငြား လီဝိန်းကျွော်ကကျောင်းပင်
မပြီးဆုံးသည့်သာမန်လူတန်းစားလေး
ဖြစ်ကာ သူ့မိသားစုကလည်း အတော်လေး
ကျပ်တည်းနေသည်။ လီဝိန်းကျွော်က
သူ့အခြေအနေသူနားလည်တာကြောင့်
ကျန်းမန့်ချင်နဲ့အတူရှိနိုင်ဖို့အတွက်
တစ်ခါမှမစဥ်းစားခဲ့ဖူးပေ။

သူကတိတ်ဆိတ်စွာနဲ့ပဲကျန်းမန့်ချင်ရဲ့
အဘွားကို ကူပြီးစောင့်ရှောက်ပေး
နေခဲ့ရင်း ရံဖန်ရံခါမှာကျန်းမန့်ချင်ကိုလည်း
ပစ္စည်းလေးတစ်ချို့ ပို့ပေးဖြစ်လိမ့်မည်။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now