60

780 136 14
                                    


Unicode

စာသင်ခန်းရဲ့တံခါးက "ဘန်း" ကနဲမြည်အောင်
ကန်ဖွင့်ခံလိုက်ရတဲ့အခါ နင်ယွဲ့ကခေါင်းမော့
ကာလှမ်းကြည့်ပြီးချက်ချင်းပဲ ထရပ်
လိုက်လေသည်။ သူ့ရဲ့နှုတ်ခမ်းထောင့်မှာ
ငွေမှင်ရောင်အမျှင်အတန်းတစ်ချို့ရှိနေခဲ့၏။

ပိုင်ကျင့်တော့သူ့လိုမျိုး အလောတကြီး
ဖြစ်မနေခဲ့ပါချေ။ သူက အခန်းရဲ့တံခါးဝကို
တစ်ချက်လှမ်းကြည့်လိုက်ပြီး စူးရှနေတဲ့
အကြည့်တစ်ခုကိုထိပ်တိုက်ရင်ဆိုင်လိုက်
သည်။

တံခါးဝကလူဆီမှာအံ့သြသွားတဲ့အမူအရာ
မရှိသလို ထပ်ပြီးဝင်လာတာလည်းမရှိတဲ့အပြင်
စကားတစ်ခွန်းမှတောင်ပြောမလာခဲ့ပေ။
သူက မျက်မှောင်ကျုံ့ပြီး တံခါးကို
ဆောင့်ပိတ်ကာသာ ထွက်သွားခဲ့သည်။
မသိရင်သူ့ရဲ့အတန်းဖော်နှစ်ယောက်က
စာသင်ခန်းထဲမှာ နမ်းနေကြတာကို
မမြင်လိုက်သလိုပါပင်။

"ငါတို့ဘာလုပ်ကြမလဲ?"

နင်ယွဲ့ကစိုးရိမ်ပုံပေါ်နေပြီး လျော့တိလျော့ရဲ
ဖြင့်ခေါင်းငုံ့ချထားကာ

"ငါတောင်းပန်ပါတယ်.....ငါ့အပြစ်ပါ"

သူတို့စာသင်ခန်းထဲမှာ ကာယသင်တန်းချိန်
ရှိခဲ့ပြီးအဲ့ဒီ့နောက်မှာတော့နင်ယွဲ့က
ပိုင်ကျင့်ကိုဆက်ခေါ်ထားလိုက်ကာ
ချစ်ရေးဆိုခဲ့မိတာပင်။ ပြီးတော့
မထိန်းလိုက်နိုင်ဘဲသူ့ကိုနမ်းမိသွားခဲ့သည်။

ပိုင်ကျင့်က သူ့ကျောကိုခပ်ဖွဖွ ပွတ်သပ်ပေး
လာရင်း တည်ငြိမ်စွာပင်

"အဆင်ပြေပါတယ်"

ခဏလောက်ရပ်သွားပြီးကာမှ သူကဆက်
ပြောလာပြန်သည်။

"သူ....ပြန်ပြောမှာမဟုတ်ဘူး"

အကယ်၍သာ ဒီနေ့သူတို့ကိုမြင်သွားခဲ့တာက
လီရှူးရိမဟုတ်ဘဲ တခြားတစ်ယောက်သာ
ဆိုရင်သူ ကိစ္စတစ်ချို့ကိုပြင်ဆင်ထားဖို့
လိုချင်လိုလာပေလိမ့်မည်။ဒါပေမဲ့ အဲ့တာက
သူဖြစ်နေတယ်ဆိုရင်တော့....ပိုင်ကျင့်
စိတ်ပူနေစရာတောင်မလိုပါချေ။

ပိုင်ကျင့်ကကျောင်းကလူတိုင်းကိုလိုက်ပြီး
အာရုံစိုက်နေတဲ့လူမဟုတ်ပါချေ။ ဒါပေမဲ့
လီရှူးရိကို သတိမပြုမိဖို့ကတော့ ခဲယဥ်း
လွန်းလှ၏။ သူ့ရဲ့အဆင့်က ကျောင်းစတက်
ကတည်းကနေအခုထိ ဘယ်လိုစာမေးပွဲပဲ
ဖြစ်နေပါစေ ပြောင်းလဲခဲ့တာမဟုတ်ဘူးလေ။
ဒါကြောင့် ကျောင်းကလူတိုင်းလိုလို
လီရှူးရိကိုသိကြ၏။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now