Unicodeပိုင်မိသားစုက လူအိုကြီးတွေရဲ့ကျန်းမာရေး
က ငယ်ငယ်တုန်းက အလုပ်အလွန်အကျွံ
လုပ်ခဲ့တာတွေရဲ့အကျိုးဆက်ကြောင့်
ပျက်စီးသွားတာပဲဖြစ်လိမ့်မည်။အခုတော့
သူတို့တွေကအိုမင်းလာပြီး ရောဂါအသေးတွေ၊
အကြီးတွေလည်း အများကြီးရှိ၏။
ဆေးကိရိယာတွေက ဘယ်လောက်ပဲ
ကောင်းနေ ပါစေ။ ဘယ်လောက်ပဲ တော်လှ
ပါချည်ရဲ့ဆိုတဲ့ဆရာဝန်တွေရှာလာပါစေ
သူတို့ကို ကောင်းအောင်မကုပေးနိုင်တော့ပေ။ပိုင်ကျင့်ရဲ့အဘိုးက ပထမဆုံး ဆုံးပါးသွား
တဲ့သူဖြစ်၏။ပိုင်ဝိန်ဖန်ဆိုလည်း မနှစ်
ကတင်မှ အသက်ခုနစ်ဆယ်ပြည့်မွေးနေ့ကို
ကျင်းပထားတာဖြစ်ကာ ဒီဆောင်းတွင်းကို
ကျော်နိုင်မှာမဟုတ်ဘူးဆိုတာ လီရှူးရိ
ထင်တောင် မထင်မိပါချေ။ပိုင်ဝိန်ထန်က ပိုင်ကျိန့်ယွမ်ကိုသူ့ရဲ့သား
အဖြစ်အသိအမှတ်ပြုခဲ့သည်။ ပိုင်ကျင့်နဲ့
သူ့အဖေရဲ့ဆက်ဆံရေးက အတော်လေး
ဆိုးဝါးလှပေမဲ့ ပိုင်ဝိန်ဖန်နဲ့ကတော့
တော်တော်လေး ရင်းနှီးလှ၏။ ပိုင်ဝိန်ထန်
ဆုံးပါးသွားတဲ့နောက်တော့ ပိုင်ဝိန်ဖန်က
သူ့အကိုကြီးရဲ့ဆန္ဒကိုဖြည့်ဆည်းပေးရင်း
ပိုင်ကျင့်ကိုလည်း ဂရုစိုက်ပေးခဲ့သည်။
ဒါကြောင့် သူဆုံးပါးသွားတဲ့အခါ ပိုင်ကျင့်
ဆိုးဆိုးရွားရွားကိုပဲ စိတ်မသက်မသာ
ဖြစ်ရသည်။သူဆေးရုံမှာ နှစ်ရက်လောက်နေခဲ့သေးပေမဲ့
ကုမ္ပဏီမှာလည်းဖြေရှင်းရမဲ့ကိစ္စတွေ
ရှိနေ၏။ ပိုင်ဝန်ဖန်မှာ သားသမီးတွေများ
လှတာကြောင့် အမွေခွဲဖို့ကိစ္စနဲ့ပတ်သတ်ပြီး
မိသားစုထဲမှာ ကသောင်းကန်းဖြစ်နေတဲ့
ပြဿနာကလည်းရှိသေးသည်။ ပိုင်ကျင့်က
အသက်အကြီးဆုံးသူမဟုတ်ပါချေ။ ဒါပေမဲ့
သူ့ရဲ့အနေအထားက အရေးပါတာကြောင့်
ဒီလိုအခြေအနေမျိုးမှာ ကိစ္စတွေကိုထိန်းသိမ်း
ပြီး တိုက်ခိုက်မှုတွေ အများကြီးမဖြစ်စေ
ဖို့အတွက် သူက မားမားမတ်မတ်ရှိနေဖို့
လိုလေသည်။အဲ့ဒီ့နှစ်ရက်အတွင်းမှာ သူအများဆုံး
လုပ်ခဲ့တဲ့အရာဆိုလို့ မျက်လုံးတွေကို
မှိတ်ပြီး နာရီဝက်လောက် အနားယူလိုက်
တာပဲရှိခဲ့၏။
![](https://img.wattpad.com/cover/368191250-288-k259898.jpg)
YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
Randomtotal chapter- 113 chapters update schedule- random.