36

893 149 18
                                    


Unicode

ကုတင်ပေါ်ပြန်ရောက်ပြီးတဲ့နောက်မှာ
လီရှူးရိက စကားမပြောတော့ပါချေ။
ပိုင်ကျင့်ကလည်း စကားမပြောတာကြောင့်
ကျင့်ယန်မှာဘာမှမပြောရဲ ဖြစ်လို့နေ၏။
အခန်းထဲကလေထုမှာ အကြောင်းအရင်း
မဲ့စွာ ကို့ရို့ကားရားဖြစ်လို့လာသည်။

လီရှူးရိမှာ နိုးလာကတည်းက မူးဝေနေခဲ့
တာဖြစ်၏။ ပုံရိပ်ပေါင်းစုံက သူ့အတွေးတွေ
ထဲမှာ အဆက်မပြတ်ပေါ်လာခဲ့ပြီး ဘယ်
အရာက အစစ်အမှန်ဖြစ်ပြီး ဘယ်အရာ
ကတော့ သူ့ရဲ့စိတ်ကူးပုံရိပ်လဲဆိုတာ
လီရှူးရိ ခွဲခြားလို့မရပေ။

သူ ပိုင်ကျင့်ကိုကြည့်လိုက်ပြီး တုံ့ဆိုင်းစွာ
ဖြင့်မေးလိုက်မိ၏။

"မနေ့ကငါ့ကို ဒီနေရာ လာပို့ပေးခဲ့တာ
မင်းလား?"

ဒီမေးခွန်းကိုဖြေစရာမလိုဘူးလို့ ခံစားမိတာ
ကြောင့်ထင် ပိုင်ကျင့်က လီရှူးရိကို ဘာမှ
မပြောပဲကြည့်လို့နေသည်။

ဟုတ်တယ်ဆိုတာကို လီရှူးရိ နားလည်သွား
တဲ့အခါ သူ့မျက်နှာမှာ ဖြူဖျော့လို့သွား၏။

"ဒါဆို..ငါ..."

သူပါးစပ်ဟလိုက်တဲ့အချိန်မှာပဲ သူ့အသံ
တွေကတုန်ရီနေကြောင်းကို လီရှူးရိ
သိလိုက်ရသည်။ အဲ့တာကြောင့် သူ
စကားဆုံးအောင်မပြောခင်မှာ အရင်ဆုံး
စိတ်ငြိမ်အောင်လုပ်လိုက်၏။

"ငါ တစ်ခုခုများပြောခဲ့မိသေးလား?"

ပိုင်ကျင့်က သူ့ကိုစိုက်ကြည့်လာ၏။
ဒီအချိန်မှာလီရှူးရိ သူ့ကိုယ်သူ ကြိုးပေးခံ
ရဖို့စောင့်နေတဲ့ ထောင်သားတစ်ယောက်
လို့တောင်ခံစားလာရသည်။ သူ့ရဲ့မျက်နှာ
ပေါ်ကအမူအရာကို တည်ငြိမ်အောင်
ကြိုးစားနေတာတောင်မှပဲ သူ့မျက်လုံးတွေ
ထဲမှာတော့အထိတ်တလန့်ဖြစ်မှုနဲ့
စိုးထိတ်မှုတို့ဟာ အတိုင်းသား ပေါ်လွင်နေ
လေ၏။

"ဟင့်အင်း"

ပိုင်ကျင့်က ပေါ့ပေါ့ပါးပါးပဲပြောလာသည်။

"ငါမင်းကိုတွေ့တဲ့အချိန်မှာ မင်းက
သတိလစ်ခါနီး ဖြစ်နေပြီလေ"

သူကရုတ်တစ်ရက် မျက်မှောင်ကျုံ့လိုက်ကာ
လီရှူးရိကိုမေးလာ၏။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now