Unicode
ထိုနေ့လယ်က ခွဲခွာမှုအပြီးမှာ
လီရှူးရိနဲ့ ပိုင်ကျင့်တို့ သွေးအေးတိုက်ပွဲ
အတွင်းကိုကျရောက်သွားတော့သည်။လီရှူးရိကအိမ်ပေါ်ကမဆင်းသွားပေမဲ့
မနက်ဆိုအစောကြီးထွက်သွားကာ
နောက်ကျမှပြန်လာ၏။ သူကထိုနည်းဖြင့်
ပိုင်ကျင့်နဲ့ နင်ယွဲ့ကိုမတွေ့အောင်
ရှောင်နေခဲ့တာဖြစ်သည်။ပိုင်ကျင့်က သူတို့ရဲ့အခန်းထဲမှာပဲ
ဆက်နေတုန်းဖြစ်၏။ လီရှူးရိ ပိုင်ကျင့်
အကြောင်းကိုကောင်းကောင်းသိသည်။
ဒီအခြေအနေအရတော့ သူကတုံ့ဆိုင်း
နေတုန်းပင်ဖြစ်လိမ့်မည်။ အကယ်၍
ပိုင်ကျင့်ကသာ နင်ယွဲ့နဲ့အတူရှိဖို့အတွက်
ဆုံးဖြတ်ပြီးပြီဆိုရင်တော့ လီရှူးရိလည်း
ပိုင်မိသားစုကနေ အပြီးထွက်သွားဖို့
စဥ်းစားထားပြီးသားပင်ဖြစ်ပါ၏။လီရှူးရိကပိုင်မိသားစုအကြောင်းကို
အတွင်းအပြင်အားလုံးသိနေခဲ့တာကြောင့်
ဒီကိစ္စသာ ပေါက်ကြားသွားမယ်ဆိုရင်
လူဘယ်လောက် များများပါဝင်လာမလဲ
မသိနိုင်ပေ။ဒါကြောင့် ပိုင်ကျင့်ကအလောတကြီး
မလုပ်သလို လီရှူးရိလည်းပဲ မဆုံးဖြတ်တာ
ဖြစ်၏။လီရှူးရိက အပြင်ပန်းမှာတော့ တည်ငြိမ််
နေပုံပေါ်လိမ့်မည်။ ဒါပေမဲ့သူဟာ
ညတိုင်းလိုလို အခန်းထဲမဝင်ခင်
တံခါးဝမှာအချိန်အတော်ကြာအောင်
ရပ်ရင်း တုံ့ဆိုင်းနေမိပါ၏။တံခါးကိုဖွင့်လိုက်တဲ့အခါ ပိုင်ကျင့်က
အခန်းထဲရှိမနေမှာကို သူကြောက်မိ၏။
အဲ့တာထက် နင်ယွဲ့ ထိုနေရာမှာ
ရှိနေမှာကိုပိုကြောက်မိပါသည်။ဒါက လီရှူးရိရဲ့နှလုံးသားကလက်ခံပေး
နိုင်တဲ့အောက်ဆုံးစည်းမျဥ်းပင်။ဒါပေမဲ့
အဲ့ဒီ့စည်းကျိုးပျက်သွားခဲ့ရင် သူ
ဘာလုပ်ရမလဲအခုထိမတွေးရသေး...။အတိတ်မှာတုန်းကတော့ ပိုင်ကျင့်က
ဘယ်သူ့ကိုမှမချစ်ခဲ့သလို သူ့အိပ်ရာဖော်
တွေအားလုံးကို ရှိတယ်လို့တောင်
သဘောမထားခဲ့ ။သူနဲ့ဖုယင်းရဲ့
စေ့စပ်ပွဲကတောင် ဒီတိုင်းစီးပွားရေး
တစ်ခုသာသာပင်ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ယောက် ဖြစ်မှရမယ်ဆိုတာမျိုးမှ
မလိုအပ်ဘူးဆိုရင် ပိုင်ကျင့်ဘေးမှာ
ရှိနေမဲ့လူက ဘာလို့သူမဖြစ်နိုင်ရမှာလဲ?
အဲ့တာကြောင့်လီရှူးရိ အရှုံးမပေးချင်ခဲ့ပါချေ။

YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
عشوائيtotal chapter- 113 chapters update schedule- random.