Unicode(သတိပေးချက်- ဤအပိုင်းတွင်သွေးထွက်
သံယိုမြင်ကွင်းများပါဝင်ပါသည်။ )အဲ့ဒီ့နေ့က တွေ့ဆုံပြီးတဲ့နောက်မှာ
ကျန်းမန့်ချင်ကိုထပ်မတွေ့ရတော့ပေ။လေးနှစ်တာဆိုတဲ့အချိန်ဟာ မျက််တောင်
တစ်ဖျတ်စာအတွင်းမှာပဲ ကုန်ဆုံးသွားခဲ့၏။သည်လေးနှစ်တာအတွင်းမှာ လီရှူးရိက
အလုပ်ကို ပိုပြီးပြင်းပြင်းထန်ထန်ကြိုးစား
နေခဲ့ကာ တစ်ခါတစ်ရံမှာဆို ပိုင်ကျင့်ကပါ
သူ့ကိုဖိအားပေးပြီးအနားယူခိုင်းခဲ့ရသည်။
သူ့ကိုယ်သူ ပြင်းပြင်းထန်ထန်ဖိနှိပ်ထားခဲ့
တာကြောင့် နှလုံးသားထဲမှာအထုံးမှာလည်း
ပိုပြီးတော့တောင် ကြီးမားလာခဲ့၏။လီရှူးရိမှာ အိပ်မပျော်တဲ့ရောဂါကို
အချိန်အတော်ကြာအောင်ခံစားခဲ့ရပြီး
တစ်ခါတစ်ရံမှာဆို သူ့ခံစားချက်တွေက
မတည်ငြိမ်တဲ့အခြေအနေကိုပါကျရောက်
သွားခဲ့သည်။သူ့အတွက် စိတ်ရောဂါဆရာဝန်တစ်ယောက်
ကိုခေါ်ပေးခဲ့သူမှာ ပိုင်ကျင့်သာဖြစ်၏။
မရေမတွက်နိုင်တဲ့ စိတ်ရောဂါကုထုံးတွေ
ကိုခံယူခဲ့ပြီး ဆေးတွေသောက်ခဲ့တဲ့
နောက်မှာတော့ လီရှူးရိ ဒီအခြေအနေကို
တဖြည်းဖြည်းချင်း ထိန်းချုပ်လာနိုင်ခဲ့သည်။ချင်မိသားစုက ပိုင်ကျင့်နဲ့ လီရှူးရိကို
ဘယ်တုန်းကမှ အရေးတယူမသတ်မှတ်
ခဲ့ပေ။ အထူးသဖြင့် ပိုင်ဝိန်ထန် ဆုံးပါးသွား
တဲ့နောက်မှာပင်ဖြစ်၏။ ပိုင်ကျင့်က
ကုမ္ပဏီကိုတရားဝင်လွှဲယူလိုက်သော်ငြား
နေရာတိုင်းမှာဖိနှိပ်ခံနေခဲ့ရသည်။ချင်မိသားစုက သူဟာဘယ်လိုနည်းနဲ့မှ
အောင်မြင်မှာမဟုတ်တော့ဘူးလို့ထင်ခဲ့
တာကြောင့် ပိုပြီးတော့တောင် စိတ်ကြီးဝင်
လာခဲ့ကြသည်။ညတွင်းချင်းမှာပဲ ပြဿနာတစ်ခု
ဖြစ်ပွားသွားခဲ့၏။ဖုန်းကော်ကွမ်းနဲ့ အမျိုးသမီးတစ်ဦးရဲ့
လိင်မှုကိစ္စ ဗီဒီယိုမှာ အင်တာနက်ပေါ်ကို
ပြန့်နှံ့လာခဲ့သည်။ အမျိုးသမီးမှာ အလွန်
ငယ်သေးပြီး အသက်နှစ်ဆယ်အရွယ်
လောက်ပဲရှိသေးပုံပေါ်၏။ ဗီဒီယိုရဲ့
နောက်ခံကအထက်တန်းလွှာ ဗီလာတစ်ခု
ပင်ဖြစ်လေသည်။

YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
Randomtotal chapter- 113 chapters update schedule- random.