62.2+63

1.3K 184 22
                                    


Unicode

နောက်တစ်နေ့မနက် ပိုင်ကျင့်နိုးလာတဲ့အခါ
အပြင်မှာမွန်းတည့်လုနီးနီး...။

ကုတင်ပေါ်မှာလည်းတစ်ယောက်မှရှိမနေပေ။
သူထလိုက်တဲ့အခါ မှန်ပြတင်းကိုမှီထိုင်နေတဲ့
လီရှူးရိကိုတွေ့လိုက်ရ၏။ ထိုလူကရှပ်အင်္ကျီ
နဲ့ အောက်ခံဘောင်းဘီ အဖြူတစ်ထည်ကို
သာ ဝတ်ဆင်ထားကာ ခြေတံရှည်တွေကအတိုင်းသား။

နှုတ်ခမ်းဖျားမှာဆေးလိပ်တစ်လိပ်ကို
ခဲထားရင်း သူ့ဘေးမှာလည်းစီးကရက်ဖင်
ပေါင်းများစွာရှိနေလေသည်။ တစ်ဖက်လူ
ဟာ ဘယ်တုန်းကတည်းကနိုးနေတာမှန်း
ပိုင်ကျင့်မသိနိုင်...။

သူမျက်မှောင်ကျုံ့လိုက်မိပြီး ကြမ်းပြင်
ပေါ်က လီရှူးရိရဲ့ဘောင်းဘီကိုကောက်ယူ
လိုက်၏။ လီရှူးရိထံကိုလျှောက်သွားရင်း
ပစ်ပေးလိုက်ကာ

"ဝတ်လိုက်"

အခုကရောက်ဦးရာသီတွင်းမှာပင်။ ဘယ်သူ
ဖြစ်ဖြစ် ဒီလိုမျိုးနေရင်ဖျားသွားနိုင်၏။
တစ်ဖက်လူက ဘောင်းဘီကိုကောက်ဝတ်
တော့မယ်လို့ထင်လိုက်ပေမဲ့ ပိုင်ကျင့်မှာ
လီရှူးရိ စကားပြောလာတာကိုသာကြားလိုက်
ရ၏။

"မင်း bed partner လိုချင်တယ်ဆိုရင်
ငါလုပ်ပေးနိုင်တယ်"

လာပြန်ပြီ။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ပိုင်ကျင့်မငြင်းနိုင်။

သူတို့နှစ်ယောက်လုံးကအိပ်ရောပေါ်
ရောက်ပြီးလို့ sexတောင်လုပ်ခဲ့ကြပြီးပြီလေ။
အခုမှသွားပြီးတော့ "ငါမင်းနဲ့ sex မလုပ်ချင်
ဘူး"လို့ပြောရင် ရယ်စရာဖြစ်မသွားဘူးလား?

သူလီရှူးရိရဲ့တောင်းဆိုချက်ကို သဘောတူ
လိုက်ပေမဲ့ထပ်ပြီးသတိပေးလိုက်၏။

"bed partner ပဲနော်"

လီရှူးရိကသူ့ဘက်ကိုလှည့်ကြည့်မလာခဲ့
တာကြောင့်ပိုင်ကျင့်မှာ တစ်ဖက်လူရဲ့
မျက်နှာပေါ်က မှိန်ဖျော့ဖျော့အပြုံးကို
မမြင်ခဲ့ရပါချေ။

"ဒါပေါ့...ဒီတိုင်း bed partner ပါပဲ"

သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးကို
ဒီလိုပုံစံအတိုင်းပဲယာယီဆက်ထားဖို့
ဆုံးဖြတ်လိုက်ကြ၏။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now