15

578 97 4
                                    


Unicode

နေ့လယ်ရောက်တော့ကျင့်ယန် ပိုင်ဟောက်ကို
အရင်လိုက်ပို့လိုက်သည်။ ထို့နောက်မှာတော့
လီရှူးရိကိုရှာဖို့အတွက်ကုမ္ပဏီကို
သွားလိုက်တော့၏။

လီရှူးရိကမနေ့ကပဲ ဒဏ်ရာရထားတာ
ဖြစ်သည်။ဒီနေ့ကပိတ်ရက်ဖြစ်နေတာတောင်
ဘာလို့ကုမ္ပဏီကိုလာသွားနေသေးလဲ
ကျင့်ယန်နားမလည်နိုင်။

သူကုမ္ပဏီကိုရောက်တော့ လီရှူးရိရဲ့
အတွင်းရေးမှူး ထန်ရွှယ်နှင့်တိုးလေသည်။
ထန်ရွှယ်က ကြီးမားတဲ့ကောက်ကြောင်းလိုင်း
တွေနဲ့ လှပသူတစ်ဦးဖြစ်ပြီး သူမရဲ့
ပင်ကိုယ်စရိုက်က သူမရဲ့ပုံပန်းသွင်ပြင်ထက်
ပို၍ လူကြိုက်များလေသည်။
အလုပ်လုပ်တဲ့အခါမှာလည်း လျင်မြန်ပြီး
တိကျပြတ်သား၏။ သူမရဲ့အလုပ်လုပ်
နိုင်စွမ်းက ယောကျ်ားလေးများစွာတောင်
မလုပ်နိုင်သည့်အရာဖြစ်သည်။

ထန်ရွှယ်က လီရှူးရိရဲ့ရုံးခန်းထဲမှ
တစ်ဆယ်စင်တီမီတာရှိတဲ့ ဒေါက်မြင့်ဖိနပ်ကို
စီးရင်းထွက်လာပုံမှာ သူမ
လမ်းလျှောက်လိုက်တိုင်းလေပြင်းတွေပါ
တိုက်လာသလိုဖြစ်နေ၏။

သူမက ကျင့်ယန်ကိုမြင်တော့ သူ့ဘက်
ရောက်လာရင်း ချိုသာစွာခေါ်လာသည်။

"ရှောင်ယန်ယန်~"

ကျင့်ယန် သူမရဲ့အံ့သြလောက်စရာဆိုဒ်ရှိတဲ့
ရင်သားတွေကိုမထိအောင် ခက်ခက်ခဲခဲ
ရှောင်နေရ၏။ သူအကျပ်ရိုက်လာပြီးနောက်
ကျယ်လောင်စွာပင်အော်လိုက်မိသည်။

"အမထန်ရွှယ်! ကျွန်တော့်ကို
လွှတ်ပါဦးဗျာ!"

ထန်ရွှယ်က ကျင့်ယန်ရဲ့မျက်နှာ
သွေးရောင်လွှမ်းမတတ် ရှက်နေတာကို
ကြည့်ရင်း သဘောကျလို့နေ၏။ဘာလို့
ဒီလောက်တောင်ဖြူစင်နေရတာလဲ?
သူကတအားချစ်ဖို့ကောင်းလွန်းတယ်!

သူမ ကျင့်ယန်ရဲ့ပါးကိုဆွဲညှစ်လိုက်ကာ

"မေးပါရစေဦး...အစ်မဒီနေ့လှနေတယ်လို့
ထင်လား?"

ကျင့်ယန်က သူမဘယ်လိုပုံပေါက်နေသလဲ
ဆိုတာတစ်ချက်မှမကြည့်ပေမဲ့ ချက်ချင်း
ဖြေလိုက်၏။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now