18

588 101 5
                                    

Unicode

ညခုနစ်နာရီထိုးတဲ့အထိ လီရှူးရိ
ရုံးခန်းထဲမှာပဲနေခဲ့သည်။သူနှစ်ရက်
လုံးလုံးမနားရသေးဘဲ အစာလည်း
သိပ်မစားနိုင်ခဲ့။ အခု အစီအရင်ခံစာ
ပေါ်ကနံပါတ်တွေကို သူ့မျက်လုံးက
ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့တာ
ကြောင့်သူခဏနားလိုက်ရခြင်းဖြစ်၏။

လီရှူးရိ အိမ်ပြန်လာတဲ့တစ်လမ်းလုံး
ကားပေါ်မှာမျက်လုံးတွေကိုမှိတ်ထားရင်း
အနားယူနေခဲ့သည်။ သူလုံးဝအိပ်ပျော်
သွားတာမဟုတ်ပေမဲ့ ဒရိုင်ဘာကသူ့ကို
နှိုးဖို့အတွက် နာမည်ကိုအကြိမ်ရေ
တော်တော်များများခေါ်ခဲ့ရ၏။
ခန္ဓာကိုယ်ကမောပန်းလွန်းနေတာ
ကြောင့်ထင် ဘာကိုမှမထိန်းချုပ်နိုင်ခဲ့။

အန်ကယ်ဝူက သူဝင်လာတာကိုမြင်တော့
တော်တော်လေး ပျော်သွားရသည်။
သူက လီရှူးရိကိုဘယ်တော့မှ ပြန်မလာ
လောက်တော့ဘူးလို့ထင်ခဲ့တာဖြစ်၏။
ဒါ့ပေမဲ့လည်းသူ့မျက်နှာပေါ်ကအပြုံးက
သိပ်မကြာခဲ့ချေ။ အန်ကယ်ဝူ
မျက်ခုံးနှစ်ခုကိုစုကျုံ့မိလိုက်ပြန်သည်။

လီရှူးရိ ကုတ်အင်္ကျီကိုချွတ်ဖို့တောင်
စိတ်မပါတော့ပေ။ သူအောင့်နေတဲ့ဗိုက်ပေါ်
လက်တင်ရင်းဆိုဖာပေါ်ထိုင်ချလိုက်ကာ
အန်ကယ်ဝူကိုပြောလိုက်၏။

"တစ်ယောက်ယောက်ကို ဆန်ပြုတ်အလွတ်
လုပ်ခိုင်းဖို့ပြောပေးပါ။ ဘာမှမထည့်ခဲ့နဲ့"

အန်ကယ်ဝူက တုန့်ပြန်သံပြုလိုက်ပြီး
သူ့ကိုနောက်ထပ်ရေနွေးတစ်ခွက်
ထည့်ပေးလာ၏။လီရှူးရိ ခေါင်းညိတ်
လိုက်ကာ

"အန်ကယ်ဝူကို ဒုက္ခပေးမိပြီ"

လီရှူးရိရဲ့ယဥ်ကျေးမှုနှင့်အတူ အကွာအဝေး
တစ်ခုခြားထားတာကိုခံစားမိလိုက်တဲ့အခါ
အန်ကယ်ဝူရဲ့နှလုံးသားကတင်းကြပ်သွား
ရ၏။ နှစ်အနည်းငယ်လောက်က
တည်ဆောက်ထားတဲ့ယုံကြည်မှုက
ပျက်စီးသွားကြောင်းကို သူနားလည်
လိုက်သည်။ ဒါပေမဲ့ သူကဘာပြောနိုင်
မှာတဲ့လဲ?...ဒီပတ်ဝန်းကျင်ရဲ့တည်ရှိမှုက
လီရှူးရိ ကိုစိတ်မသက်မသာခံစားရစေ
တာကြောင့် သူဒီစကားကိုပြောခဲ့ခြင်း
ဖြစ်၏။ သူ့ကိုယ်သူကာကွယ်ဖို့
နံရံမြင့်တစ်ခုနဲ့ကာရံထားရုံလေးပင်။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now