52

920 158 20
                                    

Unicode

ကျောမင်ယွမ် ပိုင်ကျင့်ရဲ့ရုံးခန်းကို
ရောက်တဲ့အခါအတွင်းရေးမှူးမလေးကိုလီရှူးရိ
ပြန်ရောက်လာပြီလားလို့မေးလိုက်သည်။

အတွင်းရေးမှူးလေးကခေါင်းညိမ့်ရင်း
လီရှူးရိကခုနကလေးတင်ပဲရောက်လာပြီး
ခဏလေးနဲ့တင်ပြန်ထွက်သွားကာ မျက်နှာ
သိပ်မကောင်းသည့် အကြောင်းကိုပြောပြ
လာ၏။

ကျောမင်ယွမ် ဒီနှစ်ယောက်ရန်ဖြစ်ကြ
ပြန်ပြီလို့တွေးလိုက်မိသည်။ ဒါပေါ့ တကယ်ဆို
သူတို့ရန်ဖြစ်နေကြတာကမှပိုကောင်းတာ
လေ...အကယ်၍သာ ရန်မဖြစ်ကြဘူးဆိုရင်
တော့ အဲ့တာလုံးဝ အဆုံးသတ်ပြီမို့လို့ပဲ။

ကျောမင်ယွမ် ပိုင်ကျင့်ရဲ့မည်းမှောင်နေတဲ့
မျက်နှာကိုမြင်ရဖို့အတွက်ပြင်ဆင်ထားခဲ့
ပေမဲ့သူဝင်သွားတဲ့အချိန်မှာ ပိုင်ကျင့်ကဒေါသ
ထွက်မနေခဲ့ပါချေ။ သူကမျက်မှောင်ကျုံ့
ထားရုံသာဖြစ်ပြီးအတွေးထဲမှာနစ်မြောလို့နေ၏။

ကျောမင်ယွမ်ဝင်လာတာကိုတွေ့ပေမဲ့
ပိုင်ကျင့်က တစ်ချက်သာကြည့်လာခဲ့ပြီး
ဘာမှမပြောခဲ့ပေ။

ကျောမင်ယွမ်ကပဲအနားကိုလျှောက်သွားကာ
မေးလိုက်ရ၏။

"လီရှူးရိနဲ့စုန့်ရှောင်းရှောင်းတို့ စကားပြောတာ
ပြီးသွားကြပြီလား?"

ပိုင်ကျင့်က " အင်း" လို့အသံပြုလာပြီး
လီရှူးရိပြန်ယူလာတဲ့စာချုပ်ကို ကျောမင်ယွမ်
ဆီထိုးပေးလာသည်။

ကျောမင်ယွမ်အဲ့ဒီ့ဖိုင်ကိုယူမကြည့်ရသေးခင်
မှာပဲ ပိုင်ကျင့်ရဲ့လက်ပေါ်က လက်စွပ်ကို
မြင်လိုက်ရပြီးကြောင်အသွားတော့၏။

ထူးခြားတဲ့အဓိပ္ပါယ်နဲ့လက်စွပ်လိုမျိုးကို
အသာထားဦး...၊ပိုင်ကျင့်ကဘယ်တုန်းကမှ
လက်ဝတ်ရတနာ မဝတ်ခဲ့ပါပေ။ ဒါပေမဲ့
အခုတော့သူ့လက်သန်းကြွယ်မှာ ငွေလက်စွပ်
လေးတစ်ခုရှိနေသည်။

လက်သန်းကြွယ်...? ဒါကဘာအဓိပ္ပါယ်မို့လို့လဲ!

အစကတော့ကျောမင်ယွမ် လီရှူးရိလားလို့
တွေးမိလိုက်သေးသည်။ ဒါပေမဲ့အဲ့ဒီ့နောက်
မှာတော့ မဟုတ်သေးဘူးလို့ခံစားလိုက်ရပြန်၏။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now