51

910 157 24
                                    


Unicode

စုန့်ဖုဟွာသေဆုံးသွားတဲ့နောက်ပိုင်းမှာ
စုန့်မိသားစုကုမ္ပဏီက စုန့်ရှောင်းရှောင်းရဲ့
လက်ထဲမှာဆိုပေမဲ့လည်း ပြဿနာအပြည့်
ရှိနေလေ၏။

ပထမဆုံး ကုမ္ပဏီတွင်းမှာစုန့်ရှောင်းရှောင်းကို
ဆန့်ကျင်တဲ့လူတွေအများကြီးရှိနေသည်။
အဲ့တာကြောင့်စုန့်ရှောင်းရှောင်းကရိုးရိုးရှင်းရှင်း
လေးပဲ အဓိကကျတဲ့လူတွေကိုပြန်လည်ဖွဲ့စည်း
လိုက်ပြီးဝန်ထမ်းဟောင်းတွေကို ကန်ထုတ်
ပစ်လိုက်၏။ ကုမ္ပဏီရဲ့ ရန်ပုံငွေ
ထောက်ပံ့မှုတွေကနည်းနေပြီး အတွင်းရေး
ပြဿနာပေါင်းများစွာလည်းရှိလို့နေသည်။
ထပ်ပြောရရင် ရာထူးမြင့်တဲ့လူတွေကလည်း
သူတို့ရဲ့အကောင့်ကိုစစ်ဆေးဖို့ လူတွေကို
အဆက်မပြတ်လွှတ်နေခဲ့တာကြောင့် သာမန်အတိုင်းလည်ပတ်ဖို့ကတောင်အဆင်မပြေ
တော့ပါချေ။

စုန့်ဖုဟွာရဲ့ငွေအများစုက စုန့်စစ်လော့နဲ့အတူ
ရှိနေတာဖြစ်၏။သူက စုန့်ရှောင်းရှောင်း
တစ်ယောက်အတွင်းရေးရော အပြင်လုပ်ငန်း
တွေမှာပါဒုက္ခရောက်နေတာကို ဘာခံစားချက်မှ
မပြဘဲ သည်အတိုင်းသာရပ်ကြည့်နေပြီး
နောက်ဆုံးမှာသူမ မခံနိုင်တော့တဲ့အချိန်ကျမှ
အကူအညီလာတောင်းမှာကိုစောင့်ဆိုင်း
နေလေသည်။

ဒါပေမဲ့ ပိုင်မိသားစုကဒီလိုမျိုး ရုတ်တစ်ရက်
ကြားဝင်လာပြီးစုန့်ရှောင်းရှောင်းနဲ့ပူးပေါင်း
သွားလိမ့်မယ်လို့တော့ စုန့်စစ်လော့ မထင်ထား
မိပါချေ။

သူ ခုန်ရီဆီကပြန်လာတဲ့အချိန်မှာပဲ ကျင့်ယန်
ဆုံးသွားတဲ့သတင်းကို စုန့်စစ်လော့
သိလိုက်ရတာဖြစ်၏။

ခုန်ရိက စုန့်စစ်လော့ကိုပြောပြခဲ့သည်။
သူ့ရဲ့အဖေက သူသာစုန့်မိသားစုရဲ့
အတွင်းရေးတွေကိုဆက်ပြီးကြားဝင်နေဦးမယ်
ဆိုရင် အိမ်ပေါ်ကနေ နှင်ချမယ်လို့သတိပေး
ခဲ့၏။အဲ့တာကြောင့် စုန့်ရှောင်းရှောင်းအပေါ်ကို
ဆက်ပြီးဖိအားပေးထားနိုင်ဖို့အတွက် သူ့
အဖေရဲ့အာဏာကိုဆက်ပြီး အသုံးပြုလို့
မရတော့ပါချေ။

စုန့်စစ်လော့ရဲ့ စိတ်အခြေအနေကဆိုးဝါးလွန်း
နေတာကြောင့်သောက်သမျှရေတွေပင်
သီးတော့၏။ သူအပြင်းအထန်ချောင်းဆိုး
နေတဲ့အချိန်မှာပဲ လူတစ်ယောက်ရောက်လာပြီး
ကျင့်ယန် သေပြီဆိုတဲ့သတင်းကို လာပြောပြ
ခဲ့သည်။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now