27

698 107 8
                                    


Unicode

ပညာတော်သင်သွားပြီးတဲ့နောက်မှာ
လီရှူးရိလုံးဝမအားတော့ပါချေ။

သူကစီးပွားရေးပိုင်းကိုသင်ယူခဲ့တာ
ဖြစ်ပြီး ကောလိပ်ကျောင်းတွင်းက
ပြိုင်ဆိုင်မှုတွေမှာလည်းအလွန်ပြင်းထန်
လှသည်။ ထိုနိုင်ငံကဘာသာစကားနဲ့
လည်းအသားကျအောင်လုပ်ယူရသေး၏။
သူကဘယ်လောက်ပဲတော်နေခဲ့ပါစေ
စကောလားရှစ်ရနိုင်ဖို့အတွက်
တခြားလူတွေထက်ပိုပြီးအစွမ်းကုန်
ကြိုးစားရမည်ပင်။

ဒါကြောင့် လီရှူးရိ အိပ်ချိန်ကလွဲလို့
ကျန်တဲ့အချိန်တွေမှာ သူ့ကိုယ်သူ
စာထဲမှာပဲနစ်မြုပ်ထားလိုက်ကာ
နေ့တိုင်းလိုလို ပါတီတက်လိုက် ကလပ်
တက်လိုက်လုပ်နေတဲ့နိုင်ငံခြားသားတွေနဲ့
မတူဘဲ ကွဲပြားတဲ့ဘဝမှာနေထိုင်ခဲ့သည်။

ပိုင်ကျင့်ကလီရှူးရိရဲ့အတန်းဖော်
ဖြစ်ပေမဲ့ သူတို့နှစ်ယောက်က သိပ်ပြီး
အဆက်အသွယ်မရှိကြပါချေ ။
မဟုတ်လည်း ပိုင်ကျင့်လိုနောက်ခံရှိတဲ့
လူက သူ့ကိုအထင်သေးနေလိမ့်မယ်
ဆိုတာ လီရှူးရိသိနေပြီးသားပင်။
ဒါပေါ့...လီရှူးရိမှာလည်းမာနရှိတယ်လေ။
ဒါကြောင့် သူလည်းပဲပိုင်ကျင့်ကို
အထင်သေးပါသည်။

မကြာခဏဆိုသလို သူ့အဖေနဲ့အန်တီက
ဖုန်းခေါ်လေ့ရှိပြီး စကားပြောကြတဲ့
အချိန်တိုင်းမှာသူတို့ကအချိန်ကွာခြားချက်
ကိုတွက်ချက်နေပေလိမ့်မည်။
တကယ်တော့သူတို့က လီရှူးရိကိုဖုန်းခေါ်
ဖို့ညနောက်ကျတဲ့အထိမအိပ်ဘဲစောင့်နေ
ကြကာ သူပိုက်ဆံလောက်ရဲ့လား..
အစားအသောက်တွေရောစားရတာ
အဆင်ပြေရဲ့လား။ ဆရာမနဲ့အတန်းဖော်
တွေကရောကောင်းရဲ့လားဆိုတာနဲ့
တစ်ယောက်ယောက်ကသူ့ကိုအနိုင်ကျင့်
သေးသလားဆိုတဲ့မေးခွန်းတွေကိုပဲ
ထပ်တလဲလဲမေးနေမှာဖြစ်သည်။

နောက်တစ်ကြိမ်ထပ်ပြီးဖုန်းခေါ်လာ
ပြန်လျှင်လည်းသည်မေးခွန်းတွေပဲဖြစ်၏။
လီရှူးရိကလည်း သူတို့အကြိမ်ကြိမ်
မေးသမျှကို ထပ်ကာထပ်ကာ
ဖြေပေးနေခဲ့သည်ပင်။

လီရှူးရိသူတို့ကိုဂရုစိုက်ဖို့အတွက်
အကြိမ်ပေါင်းများစွာ မှာနေရင်း
သူ့ဘက်မှာ ညဘက်ရောက်မှဖုန်းခေါ်မယ်
လို့ပြောလိုက်ပေမဲ့သူတို့ကလက်မခံ
ခဲ့ပါချေ။ လီရှူးရိမှာရွေးချယ်စရာမရှိ
တာကြောင့်သူတို့လုပ်ချင်သမျှကို
လုပ်ခွင့်ပေးထားလိုက်ရတော့သည်။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now