67

1.2K 168 11
                                    


Unicode

လီရှူးရိ မုရန်ကို မသိဘူးဆိုပေမဲ့ ရိထျန်
ကိုတော့သိလေသည်။

ပြောရရင် သူတို့နှစ်ယောက်က အချင်းချင်း
သိကြတာတော့မဟုတ်ပေ။ ပိုင်မိသားစုနဲ့
ရိမိသားစုက မြောက်ပိုင်းနဲ့ တောင်ပိုင်း
အသီးသီးမှာရှိကြတာဖြစ်သလို အသိုင်း
အဝိုင်းကလည်း ကွဲပြားခြားနားလှ၏။
သူတို့တွေမှာ စီးပွားရေးပူးပေါင်းမှု သိပ်မရှိ
ပေမဲ့လည်း တစ်ကြိမ်တော့တွေ့ဖူးကြသည်။

ဒါပေမဲ့ လီရှူးရိမှာ ရိထျန်ကြောင့် တကယ်ကြီး
အံအားသွားရ၏။

ရိထျန်က ပိုင်ကျင့်နဲ့ဆိုရင် လုံးလုံး ကွဲပြားတဲ့
လူတစ်ယောက်လို့ပြောရလိမ့်မည်။

ပိုင်ကျင့်က နက်နဲတဲ့အတွေးတွေရှိတဲ့လူ
ဖြစ်ပြီး သူ့ရဲ့ခံစားချက်ကိုလည်း ထုတ်ပြ
မှာမဟုတ်ပေ။ သူကအမြဲတမ်း သိမ်မွေ့တဲ့
မျက်နှာဖုံးတစ်ခုကို ဝတ်ဆင်ထားတတ်
ပေမဲ့ တကယ်တမ်းမှာတော့ နှလုံးသားက
အေးစက်လှသည့်လူပင်။ ရိတျန်က
ချောမောတဲ့မျက်နှာရှိပြီး မျက်ခုံးရိုးမြင့်မြင့်၊
ထင်ရှားတဲ့မျက်လုံးနဲ့ နက်နဲတဲ့ မျက်နှာ
သွင်ပြင်ရှိကာ အေးစက်တဲ့စိတ်နေ
သဘောထားနဲ့လူမျိုးဖြစ်သည်ပင်။

အဲ့တာကလူတွေကို ပထမဆုံးတွေ့ဆုံမှု
မှာတင် ကြောက်လန့်သွားစေနိုင်သည်။

သီးခြားနေတတ်ပြီး အထက်စီးဆန်တယ်
လို့ လီရှူးရိတွေးထားခဲ့တဲ့ ပို့ဆောင်ရေးပိုင်း
စီးပွားရေးလုပ်ငန်းရှင်ကြီး ရိကျန်းယုန်ရဲ့
မြေးက ဒီလိုအမူအရာမျိုးကိုလုပ်လာ
လိမ့်မယ်လို့တော့ လီရှူးရိတကယ်မမျှော်လင့်
ထားခဲ့ပါချေ။

မုရန်က အခုမှအသိပြန်ဝင်လာကာ ပျော်တာ
ရော မယုံကြည်နိုင်တာရော နှစ်မျိုးလုံးကို
ခံစားလိုက်ရသည်။ သူ့မှာ စိတ်လှုပ်ရှား
လွန်းလို့ လမ်းလျှောက်နေရင်းနဲ့
ချော်လဲတော့မလိုတောင်ဖြစ်သွားရ၏။
ရိထျန်ကအချိန်မှီ လှမ်းဆွဲပြီး သူ့
လက်မောင်းတွေထဲပွေ့ဖက်လိုက်နိုင်သည်။

"ရိထျန်!''

မုရန်ကသူ့ခေါင်းကိုမော့ကြည့်လာ၏။
သူ့ရဲ့အမူအရာက ခုနတုန်းကမုကျင်းက
ခေါ်လာသလိုမျိုးပဲ ချစ်ခင်၊ တွယ်တာမှု
တွေနဲ့ပြည့်နှက်နေလေသည်။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now