Unicodeလီရှူးရိ ဒီလောက်ထိစိတ်လှုပ်ရှားသွားရ
တာက အံ့ဩစရာတော့မဟုတ်ပါချေ။အရွယ်ရောက်တဲ့အချိန်ကစလို့ ပိုင်ကျင့်
ဒူးထောက်ခဲ့တဲ့တစ်ဦးတည်းသောသူက
ပိုင်ဝိန်ထန်သာပင်။ သူ့ကို ဒီလိုမျိုး
အခြေအနေအထိရောက်အောင် ကြိုးစား
ပျိုးထောင်ပေးခဲ့တဲ့လူ...။ပိုင်ကျင့်က သူ့ကိုမချစ်ဘူးဆိုရင်တောင်မှ
လီရှူးရိကတော့ တစ်ဖက်လူကို ရှက်ရွံဖွယ်
အခြေအနေမျိုးနဲ့မမြင်ရက်ပါချေ။ဒီလောက် လူအများကြီးရဲ့ရှေ့မှာဆို
ပြောနေစရာတောင်မလို...။ဒါကအနည်းငယ်တော့ ရယ်ချင်စရာ
ကောင်းလှသည်။ ကာကွယ်ပေးချင်မိတဲ့
သူ့ကိုယ်သူ လီရှူးရိမှာမရယ်ဘဲမနေနိုင်ခဲ့...။
ပိုင်ကျင့်ဆိုတဲ့လူက သူ့အတွက်တော့
ကမ္ဘာပေါ်ကအရာရာတိုင်းထက် ပိုပြီး
အရေးကြီးတဲ့လူဖြစ်နေပါ၏။ တစ်ကိုယ်
ကောင်းဆန်လွန်းတာပဲလား တစ်ကိုယ်ကောင်း
မဆန်လွန်းတတ်တာပဲလားတောင်မသိတော့
ပါချေ။ပိုင်ကျင့်က ထိုနေရာမှာပဲရပ်နေခဲ့၏။
တစ်ခဏလောက် စိတ်လိုက်မာန်ပါ
ဖြစ်တာတွေ အနည်ထိုင်သွားပြီးတဲ့နောက်မှာ
လီရှူးရိရဲ့ မျက်လုံးထဲကဒေါသရိပ်တွေကို
ကြည့်ရင်း သူနည်းနည်းတော့နောင်တရ
မိသည်။သူ မှားခဲ့မိတာလည်းဖြစ်နိုင်၏။ အတိတ်
တုန်းက ကိစ္စတွေအကြောင်းကိုသိပြီးတာ
တောင်မှပဲ...၊ သူ့ကို မုန်းတီးပုံပြနေတာတောင်
မှပဲ...၊ လီရှူးရိကသူ့ကို ထပ်တူပြန်ပေးဆပ်
ရမယ်လို့ တစ်ခါမှမတွေးခဲ့ဖူးတာလည်း
ဖြစ်နိုင်သည်။အရင်တုန်းက သူသာ လီရှူးရိကို မနာကျင်
စေခဲ့ဘဲ လီရှူးရိကလည်းသူ့ကို တူညီတဲ့
နည်းလမ်းနဲ့ မနာကျင်စေတော့ဘူးဆိုရင်...
သူတို့နှစ်ယောက်လုံး အတိတ်က အမုန်း
တရားတွေနဲ့ စိတ်မချမ်းမြေ့စရာတွေကို
လွှတ်ချလိုက်နိုင်မှာပဲ...။ပြီးတော့ သူတို့
နှစ်ယောက်ကြားထဲမှာလည်း ဒီလိုမျိုး
ကွာပြဲမှုတွေရှိလာတော့မှာမဟုတ်ဘူး။အချစ်က ဘယ်လိုလုပ် ဒီလောက်တောင်
ရိုးရှင်းနေနိုင်ပါ့မလဲ?

YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
عشوائيtotal chapter- 113 chapters update schedule- random.