7

723 103 3
                                    


Unicode

ကျင့်ယန်ပြန်ကောင်းလာလို့ ဆေးရုံကနေ
ဆင်းခွင့်ရပြီးတဲ့နောက် သူက
လုံးလုံးလျားလျားကို အလုပ်မလုပ်ချင်တဲ့
ငပျင်းလေးဖြစ်နေတော့၏။ လီရှူးရိက
ဒီရက်အနည်းငယ်အတွင်းမှာအလွန်
အလုပ်များနေခဲ့ပြီး ဘာအကြောင်း
ကြောင့်လဲဆိုတာကိုတော့ ကျင့်ယန်
တိတိကျကျ မသိရပေ။

သူသိတာဆိုလို့ လီရှူးရိက အသစ်စတင်မဲ့
အရေးကြီးတဲ့ပရောဂျက်တွေကို
လုပ်နေရတယ်ဆိုတာပင်။ အဲ့တာကြောင့်
သူကနေ့တိုင်းလိုလိုအချိန်ပိုလုပ်နေခဲ့ပြီး
ကျင့်ယန်ကိုဂရုစိုက်ဖို့အတွက်အချိန်
မရှိပေ။

သူ့ရဲ့သခင်လေးကိုတောင်မှ သူမဆက်သွယ်
နိုင်ခဲ့။ ဖုန်းခေါ်တော့လဲမကိုင်သလို
စာပို့လျှင်လည်း ပြန်ဖြေမဲ့သူမရှိ။
နောက်တော့သူနေ့တိုင်းကို စားသောက်ရင်း
ဖြင့်သာကုန်ဆုံးနေတာကြောင့် သူ့မျက်နှာ
ကပိုပြီးတော့တောင်ဝိုင်းလာတော့၏။

သူပျင်းလွန်းလို့မှိုတက်တော့မယ်လို့
ခံစားနေရတဲ့အချိန်မှာပဲ ကိစ္စတစ်ခု
ပေါ်လာခဲ့သည်။ ပိုင်ကျင့်ရဲ့ဦးလေးဖြစ်သူ
ပိုင်ဝိန်ဖုန်က သူ့မွေးနေ့ကို ဟိုတယ်မှာ
ကျင်းပြသွားမည်ဖြစ်သည်။ ဧည့်သည်တွေ
များလွန်းကာ မိသားစုထဲမှာလူ
အလုံအလောက်မရှိတော့တာကြောင့်
ပိုင်ကျင့်ဆီကနေလူတစ်ချို့ငှားခဲ့သည်။
ကျင့်​ယန်နှင့်တခြားလူတွေပါ သွားပြီးတော့
လုံခြုံရေးအတွက် စောင့်ကြပ်ပေးရမည်
ဖြစ်၏။ ပိုင်ဟောက်လည်း သွားမှာ
ဖြစ်တာကြောင့်ကျင့်ယန်အလွန်ပျော်
နေခဲ့သည်။

သူစျေးအကြီးဆုံးဝတ်စုံကိုထုတ်လိုက်ကာ
ဂျယ်လိမ်းလိုက်၏။ ထို့နောက်တော့ မှန်ရှေ့
မှာပင် သူ့ကိုယ်သူအမိုက်စားလို့ထင်ရတဲ့
အမူအရာဖြစ်အောင်လေ့ကျင့်နေတော့သည်။

ဘယ်ညာလှည့်ကြည့်ပြီးနောက် သူစိတ်
ကျေနပ်သွားသည်။ သူပြုံးဖြဲဖြဲလုပ်လိုက်
လေရာ ယခင်က နတ်ဘုရားတစ်ပါးအသွင်မှ
အရူးလေး တစ်ယောက်အဖြစ်ကိုချက်ချင်း
ပြောင်းသွားတော့သည်။

ရောက်သွားတော့လည်း သူမူးဝေသည်အထိ
အလုပ်များနေတော့၏။ စောင့်ကြည့်ဖို့
အပြင် ဧည့်သည်စာရင်းတွေပါစစ်ရသည်။
တစ်နေကုန်သူ့မှာရေတစ်ငုံတောင်
မသောက်နိုင်ခဲ့ပဲရှိကာ သူ့သခင်လေးကိုပင်
ရှာဖို့အချိန်မရခဲ့။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now