Unicodeလီရှူးရိ ပိုင်မိသားစုကနေထွက်လာတဲ့အချိန်မှာ
အတော်လေးကိုနောက်ကျနေပြီပင်။ သူ့ရဲ့
ကိုယ်ပိုင်ခရီးဆောင်အိတ်ကလွဲရင် ယူလာသမျှ
အရာအားလုံးကိုပစ္စည်းတွေသယ်ပေးတဲ့လူ
နှစ်ယောက်ကိုပေးလိုက်၏။ ရောင်းတာပဲ
ဖြစ်ဖြစ် လွှင့်ပစ်လိုက်တာပဲဖြစ်ဖြစ်သူတို့
စိတ်တိုင်းကျပင်။အဲ့ဒီ့နောက်တော့သူ မြို့အရှေ့ပိုင်းကိုဖြည်းဖြည်း
ချင်းမောင်းထွက်သွားလိုက်သည်။ယိဟယ် လူနာဆောင်ကိုရောက်တော့ လီရှူးရိ
ကားကိုရပ်လိုက်၏။ဆေးဘူးကိုထုတ်ကာ
သူ့လက်ဝါးထဲကိုဆေးလုံးတွေတစ်လုံးချင်း
လောင်းထည့်လိုက်သည်။ သူတစ်ခုခုကိုတွေးမိ
သွားရတဲ့အခါ ဘူးကိုထပ်လှုပ်လိုက်ပြီး နှစ်လုံး
ထပ်ထည့်လိုက်ပြန်၏။ဆေးသောက်ပြီးတဲ့အခါမှာ လီရှူးရိ ကားထဲက
နေထွက်လိုက်ပေမဲ့ကျန်းမန့်ချင်နေတဲ့
နေရာကိုအရင်မသွားခဲ့ပါချေ။ အဲ့ဒီ့အစားသူက
တခြားအဆောက်အအုံရဲ့ရှေ့ကိုရောက်သွားကာ မတ်တပ်ရပ်လို့နေသည်။လောင်ဝေနဲ့တခြားလူနှစ်ယောက်ကသူ့ကို
တံခါးဝမှာစောင့်နေကြလေသည်။ လီရှူးရိ
ဝင်လာတာကိုတွေ့တဲ့အခါ သူတို့ကအရင်ဆုံး
နှုတ်ဆက်လာကြ၏။ လီရှူးရိ ခေါင်းညိမ့်ပြ
လိုက်ပြီး လောင်ဝေရဲ့နောက်ကလိုက်ကာ
အထဲကိုဝင်သွားလိုက်တော့သည်။ဒီကော်ရစ်တာက ရှည်လျားပြီးတိတ်ဆိတ်
လေ၏။ထိုနေရာရဲ့အဆုံးမှာ ရှင်းမပြနိုင်တဲ့
ကြောက်မက်ဖွယ်ရာအငွေ့အသက်တစ်ချို့နဲ့
နက်ရှိုင်းမှုတစ်ချို့ရှိပြီး သူတို့တွေရဲ့ခြေသံ
တွေအားလုံးကိုတောင် ရှင်းရှင်းလင်းလင်း
ကြားနိုင်ပေသည်။လောင်ဝေကလမ်းလျှောက်ရင်းနှင့်ပြောပြ
လာ၏။"ဒီနေရာမှာစောင့်ပေးတဲ့လူတွေအားလုံးကို
ပြန်လွှတ်လိုက်ပြီ။ အားဟိုင်နဲ့တခြားလူ
တွေကတံခါးကိုစောင့်နေကြပြီးတော့ကျွန်တော်
လည်းဒီမှာရှိမှာပါ...တစ်ယောက်မှဝင်မလာ
နိုင်တာမို့လို့ မစိုးရိမ်ပါနဲ့"အတွင်းအကျဆုံးအခန်းကိုရောက်လာတဲ့အခါ
လောင်ဝေကသူ့ကို ဆေးဘူးတစ်ဘူး ကမ်းပေး
လာသည်။ လီရှူးရိလှည့်ထွက်ဖို့ပြင်လိုက်တဲ့
အခါလောင်ဝေကသူ့လက်ကိုလှမ်းဆွဲရင်း
ချီတုံချတုံဖြင့်ပြောလာ၏။
YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
Randomtotal chapter- 113 chapters update schedule- random.