56.1

1K 173 22
                                    


Unicode

နောက်တစ်နေ့မနက်မှာလည်း ထုံးစံအတိုင်း
အစည်းအဝေးတစ်ခုရှိနေပြန်သည်။

လီရှူးရိကခုံထိပ်ဆုံးမှာထိုင်ရင်း ကိစ္စတွေကို
တစ်ခုပြီးတစ်ခုစီစဥ်နေပေမဲ့ လက်အောက်က
လူတွေမှာတော့စိတ်သောကရောက်နေရ၏။

ဒီလောက်နေ့ပေါင်းများစွာလုပ်ရမဲ့အလုပ်
တွေကိုတစ်နေ့ထဲနဲ့အပြီးသတ်ခိုင်းနေတယ်တဲ့လေ!လီရှူးရိက ရူးများရူးသွားတာလား? သူကတော့တစ်ယောက်ထဲဆိုတော့ကိစ္စမရှိလောက်ဘူးနေမှာပေါ့...ဒါပေမဲ့တခြားလူတွေမှာတော့မိန်းမနဲ့ကလေးတွေရှိသေးတယ်လေ!

ဒါပေမဲ့လည်းသူတို့က ပါးနပ်သူတွေပင်....
သူတို့ရဲ့နှလုံးသားထဲမှာပဲအထွန့်တက်နေကြပြီးမျက်နှာပေါ်မှာတော့ဘယ်အမူအရာမှပေါ်မနေခဲ့ပါချေ။အစည်းအဝေးပြီးခါနီးတော့
လီရှူးရိကလင်းချန်မြို့ကိုအလုပ်ကိစ္စနဲ့ခရီးသွားစရာရှိတာကြောင့်နှစ်ရက်နေမှပြန်ရောက်မဲ့အကြောင်းကိုပြောပြလာခဲ့သည်။
ဒါကိုကြားတော့မှလူတိုင်းလိုလိုစိတ်သက်
သာရာ ရသွားကြတော့၏။သူတို့အားလုံး
ဒီနေ့ညမှာအချိန်ပိုဆင်းပြီးအလုပ်တွေအကုန်လုံးကိုအပြီးသတ်ရမယ်လို့
စိတ်ထဲမှာတိတ်တိတ်လေးတွေးနေမိသည်။
ဘယ်သူကမှလီရှူးရိက အလုပ်ကိစ္စနဲ့ခရီးသွား
နေတုန်းမှာဖုန်းနဲ့ဖြစ်ဖြစ် ဗီဒီယိုနဲ့ဖြစ်ဖြစ်လှမ်းပြီးအလုပ်အကြောင်းဆွေးနွေးတာမျိုး
မလုပ်ချင်ကြဘူး...အဲ့တာကသေလောက်အောင်ကြောက်ဖို့ကောင်းတဲ့အရာပဲ!

လီရှူးရိ အစည်းအဝေးကနေရုံးခန်းကိုပြန်လာ
တော့ထန်ရွှယ်ကသူ့ဆီရောက်လာကာ

"မစ္စတာလီ...ကျွန်မ လက်ထောက်ကျောကို
ဆက်သွယ်ပြီးပြီရယ်"

"သူဘယ်လိုပြောလဲ?"

"မစ္စတာပိုင်ကလည်း အစည်းအဝေးလုပ်နေ
တုန်းပါတဲ့...လက်ထောက်ကျောက အစည်း
အဝေးပြီးရင်မစ္စတာပိုင့်ကိုပြောပေးထား
မယ်လို့ပြောတယ်ရယ်"

လီရှူးရိခေါင်းညိမ့်လိုက်သည်။ သူကလင်းချန်
မြို့ကိုအလုပ်ကိစ္စနဲ့ခရီးသွားမဲ့အကြောင်း
ပိုင်ကျင့်ကိုအသိပေးချင်ရုံသာဖြစ်ပြီးတခြား
ဘာကိစ္စမှမရှိပေ...။မဟုတ်လည်းပိုင်ကျင့်က
သူ့ရဲ့ကိစ္စတွေကိုဘယ်တုန်းကမှမေးခဲ့တာ
မဟုတ်ဘူးလေ...

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now