19

596 102 11
                                    

Unicode

နောက်တစ်နေ့မနက်ရောက်တော့လီရှူးရိက
အစောကြီးထွက်သွားခဲ့၏။ ပိုင်ကျင့်နိုးလာတဲ့
အချိန်မှာ လီရှူးရိက ထွက်သွားနှင့်နေပြီ
ဖြစ်သည်။ သူလီရှူးရိ ဘယ်အချိန်တုန်းက
နိုးသလဲဆိုတာတောင်မသိလိုက်။.

ပိုင်ကျင့်အောက်ထပ်ကိုဆင်းသွားတော့
နင်ယွဲ့က စားပွဲမှာထိုင်နေပြီဖြစ်၏။ သူက
ပိုင်ကျင့်ကိုမြင်တော့ပြုံးကာ

"ဂွတ်မောနင်း"

ပိုင့်ကျင့် နင်ယွဲ့ရဲ့အနားကိုလျှောက်သွားရင်း
သူကအလွန်ကြည့်ကောင်းနေတာကိုမြင်တော့
ပြန်ပြုံးပြလိုက်၏။

အန်ကယ်ဝူက တခြားလူတစ်ယောက်ကို
မနက်စာစီစဥ်ပေးဖို့ပြောနေခဲ့သည်။
သူပြောပြီးသွားတော့ပိုင်ကျင့်မေးလိုက်၏။

" သူဘယ်အချိန်တုန်းကထွက်သွားတာလဲ?'

သူကလီရှူးရိကိုဆိုလိုချင်တာဖြစ်လိမ့်မည်။
အန်ကယ်ဝူ ခေါင်းခါလိုက်ပြီး
မသိဘူးလို့ဖြေလိုက်သည်။

ပိုင်ကျင့်က ခဏလောက်တိတ်ဆိတ်
သွားပြီး ထပ်မေးလာ၏။

"သူ့ရဲ့လက်ကရောဘာဖြစ်တာလဲ?"

အန်ကယ်ဝူ စိတ်ထဲမှာသက်ပြင်းချလိုက်
မိတော့၏။လီရှူးရိ ဒဏ်ရာရနေတာ
ဒီလောက်ကြာနေပြီကို ပိုင်ကျင့်က
အခုမှသတိထားမိတယ်တဲ့လေ။

"အဲ့တာက မစ္စတာ ပိုင်ဝိန်ဖန်ရဲ့မွေးနေ့ပါတီ
တုန်းကတည်းက ဒဏ်ရာရနေခဲ့တာပါ"

ပိုင်ကျင့်ကမျက်မှောင်ကျုံ့လိုက်သော်ငြား
တိတ်ဆိတ်နေခဲ့သည်။ အဲ့ဒီ့နေ့တုန်းက
လီရှူးရိကအစောကြီးထွက်သွားခဲ့တာ
ဖြစ်၏။ အဲ့ဒီ့နောက် သူကတော့အဖျားကြီး
နေတဲ့နင်ယွဲ့ကိုဆေးရုံလိုက်ပို့ပေးပြီး
တစ်ည​နေပေး လိုက်တာပင်။
အဲ့ဒီ့အချိန်အတွင်းမှာလီရှူးရိ သူ့ကို
ဖုန်းခေါ်ခဲ့ပေမဲ့သူက ကျောမင်ယွမ်ကို
သူ့အစားဖုန်းကိုင်ခိုင်းလိုက်တာ
ဖြစ်သည်။

နင်ယွဲ့ကတိတ်တဆိတ်သာ နားထောင်နေ
ခဲ့တာဖြစ်ကာပိုင်ကျင့်ကစကား
မပြောတော့ပဲ လေးလေးနက်နက်တွေးနေ
တာကိုမြင်တော့နင်ယွဲ့ ဂဏန်းဥမုန့်ကို
ပိုင်ကျင့်ရဲ့ပန်းကန်ထဲထည့်ပေး
လိုက်ရင်း ပြုံးကာ

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now