Unicodeပိုင်ကျင့်မှတ်မိသလောက်ပြောရရင် လီရှူးရိက
ဘယ်သူနဲ့မှအရမ်းမနီးစပ်ဖူးပါချေ။သူတို့တွေကလည်း ရင်းနှီးကြတယ်လို့
ပြောလို့မရပေ။ ပြီးတော့လှပတဲ့
အမျိုးသမီးတစ်ယောက်ကငိုနေပြီဆိုရင်
ယောကျ်ားလေးတစ်ယောက်အနေနဲ့သူမကို
ဖက်ပြီးနှစ်သိမ့်ပေးတယ်ဆိုတာကထုံးစံပင်
ဖြစ်၏။ ဒါပေမဲ့ဖက်ပေးနေတဲ့လူက လီရှူးရိ
ဖြစ်တာကြောင့်...အနည်းငယ်ထူးဆန်းနေလေသည်။သူကငယ်ငယ်ထဲက တစ်ယောက်ထဲနေခဲ့တဲ့သူ
ဖြစ်ပြီး ဒီလိုမျိုးတခြားလူတွေအပေါ်မှာ
နူးညံ့သိမ်မွေ့ပြရလောက်တဲ့အထိ လူတွေ
နဲ့သိပ်ပြီး အဆက်အဆံမရှိခဲ့ပေ။ သူ့ကို
ကြင်နာပေးတဲ့လူတစ်ချို့လည်းရှိပေမဲ့ တစ်ခါ
နှစ်ခါလောက်ဆက်ဆံပြီးတဲ့အခါမှာ
လီရှူးရိကရေခဲတုံးလိုမျိုး ခံစားချက်မရှိဘဲ
အေးစက်ပြီးခက်ထန်တဲ့လူလို့ပြောကြပြီး
ရှောင်ဖယ်သွားကြတော့သည်။ဒါပေမဲ့ပိုင်ကျင့်အတွက်တော့ဒါက
ဆန့်ကျင်ဘက်ပင်ဖြစ်၏။ပိုင်ကျင့်ကသူ့ကိုအမိန့်ပေးလို့ရသည်၊
နာကျင်အောင်လုပ်နိုင်သည်၊ သူလိုသလို
လာဖို့ခေါ်ပြီးပြန်လွှတ်နိုင်ကာ သူ့ကို
ဆက်ပြီးအနားမှာထားမလား မထားတော့
ဘူးလားဆိုတာကိုတောင်ဆုံးဖြတ်နိုင်ပါ၏။သူတို့နှစ်ယောက်ရဲ့စတင်မှုဆိုတာက အမြဲ
လိုလိုပိုင်ကျင့်ရဲ့လက်ထဲမှာသာရှိနေခဲ့တာပင်။
အဲ့ဒါကြောင့် ပိုင်ကျင့် လီရှူးရိကိုအရွံရှာမိဆုံး
အချိန်တွေတုန်းကတောင် သူ့အတွက်"အထူး"
ဆိုတဲ့အရာကြောင့်အနည်းငယ် ဂုဏ်ယူမိ
ခဲ့သည်။ဒါပေမဲ့ဒီနေ့တော့လီရှူးရိကို စတွေ့ကတည်းက
လီရှူးရိသူ့ကိုကြည့်လာတဲ့ပုံ...သူ့ကိုစကားပြော
လာတဲ့ပုံတွေကိုကြည့်ရင် တစ်ခုခုက
မတူတော့ဘူးဆိုတာကိုပိုင်ကျင့် ခပ်ရေးရေး
လေးခံစားမိနေ၏။ဒီပြောမပြနိုင်တဲ့ခံစားမှုကြောင့်ပဲ လီရှူးရိ
ထွက်သွားတဲ့အခါ ပိုင်ကျင့် အနောက်ကနေ
လိုက်လာမိခြင်းပင်ဖြစ်သည်။အဲ့ဒီ့နောက်မှာတော့သူ့ကို တော်တော်လေး
အသက်မသာဖြစ်စေတဲ့မြင်ကွင်းကို
တွေ့လိုက်ရတော့၏။

YOU ARE READING
ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|
De Todototal chapter- 113 chapters update schedule- random.