66

841 139 13
                                    


Unicode

လီရှူးရိကိုယ်တိုင်တောင်မှပဲ သူ့ရဲ့
အပြုအမူက ဒီလိုပုံစံမျိုးဖြစ်သွားလိမ့်မယ်
လို့ မမျှော်လင့်ထားခဲ့သလို တစ်ယောက်
ယောက်နဲ့ သူငယ်ချင်းကောင်းတွေ
ဖြစ်လာမယ်လို့လည်းမတွေးခဲ့ဖူးပါချေ။

ဖြစ်ပုံက နည်းနည်းတော့ရယ်ချင်စရာ
ကောင်းလှ၏။အစမှာတော့သူ မုရန်ကို
ကျေးဇူးတင်ချင်တာကြောင့် ညစာစားဖို့
ဖိတ်ခဲ့တာဖြစ်သည်။ ဒါပေမဲ့နောက်တစ်ကြိမ်
သူတို့ထပ်တွေ့ကြတော့ မုရန်ကသူ့ကို
ဒေသထွက်ပစ္စည်းတွေ လက်ဆောင်ပေး
လာခဲ့၏။ လီရှူးရိကလည်း အဲ့ဒီ့လက်ဆောင်
တွေကိုလက်ခံလိုက်ပြီး မုရန်ကို ထူးကဲတဲ့
ရနံ့နဲ့ လက်ဖက်ရည် တစ်ဘူးကိုလက်ဆောင်
ပြန်ပေးလိုက်ပြန်သည်။ဒီလိုနဲ့ပဲနောက်ဆုံးမှာ
တော့ သူတို့ နှစ်ယောက် တစ်ကြိမ်ပြီး
တစ်ကြိမ် ထပ်တွေ့ဖြစ်ကြတော့၏။

မုရန်က လီရှူးရိတွေ့ဖူးသမျှ လူချမ်းသာ
တွေနဲ့မတူပဲ လွတ်လွတ်လပ်လပ် နေတတ်
တဲ့သူဖြစ်သည်။ ကျော့ရှင်း ၊နူးညံ့တဲ့
ပုံရိပ်ကို လုပ်ယူပြသတဲ့ နင်ယွဲ့လိုမဟုတ်ဘဲ
သူက တကယ့်ကိုအေးချမ်းတဲ့လူပင်။
သူတို့တဖြည်းဖြည်းရင်းနှီးလာတာနဲ့အမျှ
ဒီလူက သူ့ကိုယ်သူဖုံးကွယ်တဲ့နေရာမှာ
ညံ့ ရုံတင်မကဘဲ တစ်ခါတစ်လေမှာဆို
အရမ်းကိုရိုးစင်းလွန်းလို့ ရူးကြောင်ကြောင်
လေးဖြစ်နေတတ်တယ်ဆိုတာကိုပါ
လီရှူးရိ သိလာရသည်။

သူအရင်တုန်းက မကောင်းဆိုးဝါးတွေ၊
နတ်ဆိုးလိုလူတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရပြီး
မျက်နှာနှစ်ဖက်နဲ့လူပေါင်းများစွာ
ကိုပဲ တွေ့ခဲ့ရသည်။ ဒါကြောင့် ကျင့်ယန်
နဲ့ မုရန်တို့လို လူမျိုးကိုဆုံရတဲ့အချိန်မှာ
ဘာလုပ်လို့ ဘာကိုင်ရမယ်မှန်း လီရှူးရိ
တကယ်မသိတော့ပါချေ။ အကွာအဝေး
တစ်ခုခြားလိုက်မယ်လို့ စဥ်းစားထားရင်
တောင်မှပဲ တစ်ယောက်ယောက်ကသူ့ကို
ပြုံးပြပြီး ကြင်နာမှုတွေကိုပြသလာတဲ့
အခါ လီရှူးရိမှာ ဘယ်လိုမှမငြင်းဆန်နိုင်
ခဲ့ပေ။

ကျင့်ယန်ကတော့ သူဖြစ်နေတာတွေကို
နားလည်ပုံမရ....။သူက မုရန်ရဲ့နောက်ကို
အမြဲလိုက်လေ့ရှိတဲ့ သက်တော်စောင့်
နှစ်ယောက်ထဲကတစ်ယောက်ဖြစ်တဲ့
လောင်ယုနဲ့ သူငယ်ချင်းကောင်းတွေ
ဖြစ်သွားကြတာကြောင့် အတော်လေးကို
ပျော်ရွှင်နေလေသည်။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now