73

1K 140 14
                                    


ပိုင်ကျင့်စကားဆုံးသွားတဲ့နောက် လီရှူးရိမှာ
တုတ်တုတ်မှမလှုပ်ရဲတော့...။ အချိန်အတော်
ကြာတဲ့အထိ သူကြောင်အနေမိသည်။ အခု
လေးတင်ပဲ ပိုင်ကျင့်ပြောလိုက်တဲ့စကားက
သူ့ရဲ့စိတ်ကူးယဥ်သက်သက်ပဲ ဟုတ်မနေဘူး
ဆိုတာ သေချာတော့မှ လီရှူးရိမှာ သတိပြန်ဝင်
လာရ၏။

ဒီလိုစိတ်လွတ်သွားရတာက သူ့ရဲ့အမှား
မဟုတ်ပါချေ။ အရင်ကဆို အများဆုံးတွေးနိုင်
ခဲ့တဲ့ စိတ်ကူးယဥ်မှုကတောင် ပိုင်ကျင့်က
သူ့ကိုအများကြီးမုန်းမနေဖို့သာဖြစ်ပြီး
စိတ်ပြောင်းသွားလို့ သူနဲ့တစ်ဘဝလုံးကို
အေးအေးဆေးဆေး ဖြတ်သန်းသွားရခြင်း
သာဖြစ်လေသည်။ ပိုင်ကျင့်က သူ့ကို
ချစ်မချစ်ဆိုတာကို လီရှူးရိ မတွေးကြည့်ခဲ့ဖူး
သလို သူ့ကိုယ်သူလည်း အဲ့ဒီ့လို ဆက်ဆံရေး
မျိုးနဲ့ထိုက်တန်တယ်လို့ ထင်မှတ်မထားပါချေ။

အဲ့ဒီ့မိန်းမက ထိုနေရာမှာပဲရှိနေတုန်းဆိုတာကို
လီရှူးရိ အမြဲ ခံစားခဲ့ရ၏။

ထောင့်တစ်နေရာလေးကနေ သူ့ကို လူသေ
တစ်ယောက်လိုမျိုး ကြောက်မက်ဖွယ်
ကောင်းတဲ့မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့ကာ
နောက်ကနေ တစ်လျှောက်လုံးလိုက်ရင်း
သူ့လက်ကသွေးတွေအကြောင်းကို သတိပေး
လို့​နေခဲ့၏ ။ သူကျူးလွန်ခဲ့သမျှအပြစ်တွေ၊
သူဆုံးရှုံးခဲ့သမျှလူတွေအားလုံး...။ သူ့ကို
နေ့စဥ်နဲ့အမျှ နှောင့်ယှက်လို့နေသည်။

သည်းမခံနိုင်တော့တဲ့အချိန်၊ အကြောက်ရွံ့ဆုံး
ဖြစ်လာတဲ့အချိန်တွေမှာ သူလည်းပဲ
ကိုယ့်ကိုယ်ကိုယ်လျှော့ချလို့ တခြားလူတွေ
အပေါ် မှီခိုချင်ခဲ့မိသည်။ တစ်စုံတစ်ယောက်ရဲ့
နောက်မှာ ပုန်းကွယ်ချင်ခဲ့မိကာ အပြင်ဘက်က
မုန်းတိုင်းကို ကာဆီးပေးစေချင်ခဲ့၏။
ဒါပေမဲ့ ဒီတိုင်း... အဲ့ဒီ့လိုလူက တစ်ခါမှ
မရှိခဲ့လို့...၊ဘာလို့ဆို သူ့ကို ကာကွယ်ပေးဖို့
ဆန္ဒရှိကြတဲ့လူတွေက အိပ်စက်သွားခဲ့ကြလို့။
ဒါကြောင့် သူ့မှာ ကိုယ်ကိုယ်တိုင် ရပ်တည်
ရင်ဆိုင်ဖို့ကလွဲရင်ရွေးချယ်စရာမရှိခဲ့...။

ပိုင်ကျင့်က သူ့ကိုချစ်တယ်တဲ့လား?
လီရှူးရိရဲ့နှုတ်ခမ်းဟာ ခပ်ထေ့ထေ့လှောင်ပြုံး
တစ်ခုလို တွန့်ကွေးသွားခဲ့၏။ ဒါပေမဲ့သူ့ရဲ့
မျက်လုံးထောင့်တွေကတော့ အနည်းငယ်
နီရဲနေဆဲ...။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now