2

1.1K 126 2
                                    

Unicode

လီရှုးရိ ဆေးရုံကထွက်လာကတည်းကပင်
ကိုးနာရီထိုးနေပြီဖြစ်သည်။ သူဒီနေ့ သိပ်ပြီး
မနားလိုက်ရ...။ကျင့်ယန်ကို
ဒေါသထွက်လွန်းလို့ ပိုင်မိသားစုက
သူ့နောက်ကိုတစ်လမ်းလုံးလိုက်လာပြီး
သူသိခဲ့ရင်တောင်မှ ဂရုမစိုက်မိလောက်ပေ။

ပြောရရင် ကျင့်ယန်ကို မရင့်ကျက်သေးတဲ့
ကောင်စုတ်လေးလို့ပြောရတာ သိပ်ပြီးတော့အခြေအမြစ်မရှိပါချေ။
ကျင့်ယန်ကကောင်းကောင်းမွန်မွန်
ကြီးပြင်းလာခဲ့ရတာမျိုးမဟုတ်။
ဒါပေါ့ သူကပိုင်ဟောက်ကို သစ္စာရှိဖို့
အတွက်ဆိုလျှင်တော့ကောင်းကောင်းကြီး
မွေးမြူခံထားရပါ၏။

ဒီနေ့အထိ လီရှူးရိ ကျင့်ယန်ကိုဘယ်လိုမျိုး
စတွေ့ခဲ့သလဲဆိုတာမှတ်မိနေသေးသည်။
ဥယာဥ်နောက်မှာပုန်းနေကာ ကြက်ပေါင်
လက်ထဲမှာကိုင်ထားရင်း ပါးစပ်တစ်ခုလုံး
ဆီတွေရွှဲနေသည်အထိ တမြုံ့မြုံ့
ဝါးနေခဲ့သည်ပင်။ အဲ့ဒီ့အချိန်မှာ သူကလီရှူးရိ
သေမတတ် လန့်ဖြန့်သွားတာကိုမြင်တာတောင်
မထွက်ပြေးခဲ့။ ကြက်ခြေထောက်တွေကို
သူ့ပါးစပ်ထဲအတင်းထိုးသွင်းနေလေ၏။

သူကျင့်ယန်ကိုတွေ့တော့ဒီကောင်လေးက
အတော့်ကိုပျော်ဖို့ကောင်းသည်
လို့ခံစားခဲ့ရသည်။

လီရှူးရိ အရင်တုန်းကပိုင်ကျင့်ဆီမှာ
မိဘတွေဆုံးပါးသွားတဲ့အတွက်ပိုင်မိသားစုကကောက်ယူ မွေးစားထားတဲ့တူလေး
တစ်ယောက်ရှိကြောင်း ကြားဖူးခဲ့ပါ၏။
သူကဒီတိုင်း ဘယ်တုန်းကမှ ဂရုမစိုက်
ခဲ့ရုံပင်။

အဲ့ဒီ့အချိန်တုန်းက ပိုင်ဟောက်ရဲ့အသက်မှာ
ဆယ့်သုံးလောက်သာရှိဦးမည်။သူ့ရဲ့ထူးခြားတဲ့
နောက်ခံကြောင့် ပိုင်မိသားစုရဲ့အပြင်ဘက်မှာ
သာကြီးပြင်းလာခဲ့ရ၏။သူ့ရဲ့အတွေးတွေက
နက်နဲလွန်းတာကြောင့် နှစ်လိုဖွယ်ကောင်းသည့်
ကလေးတစ်ယောက်မဟုတ်ခဲ့ပေ။
ကျင့်ယန်ကတော့ မြည်းငတုံးလေးလိုပင်
တစ်နေကုန်ပျော်ပျော်နေတတ်သူဖြစ်လေ၏။

လီရှူးရိကတော့ ထိုအချိန်မှာ တခြားသူတွေနှင့်
တိုက်ခိုက်ရင်း အလုပ်များနေခဲ့သည်။
သူတို့ကိုသတ်ရင်သတ် မဟုတ်ရင်သူက
အသတ်ခံရလိမ့်မည်။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now