48

1.1K 171 29
                                    


Unicode

"ပိုင်ကျင့်! မင်း ကိုယ့်ခွေးကိုယ်တောင်
မထိန်းချုပ်နိုင်ဘူးလား? အခုအဲ့ဒီ့ခွေးက
ငါ့ကိုဒုက္ခပေးတော့မယ်လေ!"

"ငါ ကြည့်ရှင်းလိုက်ပါ့မယ်"

"မင်းသူ့ကိုဘယ်လိုဖြေရှင်းမှာလဲ? သူက
ပိုင်မိသားစုရဲ့အတွင်းရေးတွေကိုတောင်
ထုတ်ဖော်ခါနီးလေးပဲနော်! ငါမေးပါဦးမယ်၊
မင်းနဲ့ဖုယင်းတို့ရဲ့စေ့စပ်ပွဲကိစ္စကိုရော
ထည့်တွက်သေးရဲ့လား?"

"လက်ထပ်ပွဲကိုတော့ သက်ရောက်မှုရှိမှာ
မဟုတ်ဘူး၊ ငါလည်း လီရှူးရိကိုထပ်ပြီး
ထားတော့မှာမဟုတ်လို့ပဲ"

"အဲ့တာကဘာကိုဆိုလိုတာလဲ?"

"မင်းဘယ်လိုထင်လို့လဲ?"

အသံဖိုင်ထဲမှာဖုတင်းက ရုတ်တစ်ရက်
တိတ်ကျသွားတော့၏။ အဲ့ဒီ့နောက်သူက
အချိန်အကြာကြီးနေမှ စကားပြောလာသည်။

"မင်း ငါ့ရဲ့အကူအညီကိုရောလိုသေးလား?"

"ဟင့်အင်း ၊ငါ့ဘာသာပဲစီစဥ်လိုက်မယ်"

"အခုမင်းစိတ်ကိုပြင်ဆင်ပြီးပြီဆိုမှတော့
အချိန်ရောက်လာရင် စိတ်ပျော့နေလို့မရဘူး၊
အကယ်၍သူသာ အသက်ရှင်ခဲ့ရင် ပြဿနာ
တွေက အဆုံးမသတ်နိုင်ဘဲနေလိမ့်မယ်"

"ငါ နားလည်တယ်"

....

အသံဖိုင်ကဒီမှာပဲ အဆုံးသတ်သွားသည်။
အခန်းထဲကလူနှစ်ယောက်မှာ ဘယ်သူကမှ
စကားမပြောတာကြောင့်လေထုကပင်
အေးခဲလာပုံပေါ်၏။

နင်ယွဲ့ကလီရှူးရိကို မျက်လွှာပင့်ပြီး
ကြည့်လာသည်။ လီရှူးရိက ဝိဥာဥ်လွင့်နေတဲ့
လူတစ်ယောက်လိုမျိုး မှင်တက်နေတာကို
တွေ့လိုက်ရတဲ့အခါသူ မရယ်ဘဲ မနေနိုင်ခဲ့
ပါချေ။

သူလီရှူးရိအတွက်ပြင်ဆင်ပေးထားတဲ့
'လက်ဆောင်' ဆိုတာက အတော်လေးကို
အံ့သြစရာကောင်းလှသည်ပင်။ သူက
ဖုတင်းကိုညစာအတူစားဖို့ပဲပြောခဲ့တာ
ဖြစ်ပြီးအတိတ်ကအကြောင်းတစ်ချို့ကို
မေးချင်ခဲ့ရုံသာဖြစ်၏။ ဒါပေမဲ့ဘယ်သူသိမှာ
တဲ့လဲ...ဖုယင်းကသူ့ကို 'စပရိုက်အကြီးစား'
တစ်ခုပေးခဲ့လေသည်။

ချစ်ခြင်း၏ အဆုံးဝယ် |ဘာသာပြန်|Where stories live. Discover now